news

ပုလဲမြို့နယ်တောင်ပေါ်ဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့နေရ

ပုလဲမြို့နယ်တောင်ပေါ်ဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့နေရ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး စေတနာ အလှူရှင်များ အနေဖြင့် ဝိုင်းဝန်း စုပေါင်းကာ ရေတွင်း တူးဖော်ပေးရန်အတွက် လိုအပ်နေကြောင်း ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်၏ ပြောကြားချက်အရ သိရသည်။အဆိုပါမြို့နယ်ရှိ တောင်ပေါ်ဒေသ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ တူးဖော်ထားကြသည့် လက်ယက် ရေတွင်းများလည်း ရှိကြောင်း ထို့ပြင် စိမ့်ဆန်းရေကန်များလည်း ရှိကြောင်း ယင်းကိုယ်ထူကိုယ်ထ တူးဖော်ထားကြသည့် လက်ယက် ရေတွင်းများနှင့် စိမ့်စမ်းရေကန်များရှိ ရေများအားလုံးသည် နေအပူရှိန် ပြင်းထန်လာမှုကြောင့် ခန်းခြောက်သွားကြောင်း ၎င်းက ဆိုသည်။ “လက်ရှိကတော့ ရွာသားတွေက …

ကိုသားကြီး (ဒွေး) ရဲ့အကြည့်တွေကို ရှိန်ခဲ့တယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း

တခေတ်တခါက ရုပ်ရှင်လောကမှာ ဘုရင်တပါးလို ဖြစ်ခဲ့တဲ့ မင်းသားကြီး ဒွေးကတော့ လက်ရှိချိန်မှာ လောကကြီးကနေ ထွက်ခွာသွားတာ ဆယ်စုနှစ်တွေ ရှိသွားပါပြီ။ မင်းသား ဒွေးကိုတော့ မြန်မာနိုင်ငံမှာ မချစ်တဲ့သူမရှိသလို သူရုတ်တရတ် ဆုံးပါးသွားမှုကလည်း အားလုံးရဲ့ ရင်ထဲမှာ ကြေကွဲစေခဲ့ပါတယ်။ မင်းသားဒွေးကို လက်ရှိချိန်ထိ မေ့လို့မရပဲ သတိရနေတဲ့အထဲမှာတော့ မင်းသားချော ပိုင်ဇေရဲထွန်းလည်း ပါပါတယ်။ ပိုင်ဇေရဲထွန်းကလည်း တချိန်က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အားပေးခဲ့တဲ့ မင်းသား တယောက်ပါပဲ။ လက်ရှိချိန်မှာတော့ မင်းသား ပိုင်ဇေရဲထွန်းက ကိုသားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောကြားလာပါတယ်။ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ MC နဲ့ အင်တာဗျူးမှာ ဆုံးပါးသွားတဲ့ မင်းသား ဒွေး(ကိုသားကြီး) နဲ့ ပတ်သက်ပြီး “ကိုသားကြီးကတော့ ဆုံးသွားတာ တော်တော်တောင် ကြာနေပါပြီ။ …

တနှစ်ကိုတစ်ခါပဲ နတ်ခင်းထားတဲ့ ကျော်ချောလမ်းပေါ်လာတဲ့ ရေလယ်ဘုရား၏ အံ့သြဖွယ်

ဗုဒ္ဓဘာသာ ထွန်းကာတဲ့ မြန်မာပြည်မှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့စေတီပုထိုးတွေ အများကြီး ရှိတဲ့ အထဲမှာ ယနေ့ မွန်ပြည်နယ်သံဖြူ ဇရပ်မြို့  နယ် ဝဲကလောင်းရွာအနီးက ကျို က်နဲရေလယ်ဘုရားကို ကံကောင်းစွာ ဖြင့် ဒကာဒကာမတွေ ပို့ ပေးလို့ ဖူးခွင့်ရခဲ့ပါပြီ။ ဒီကျို က်နဲ ရေလယ်ဘုရားဟာ ဆိုလို့ ရှိရင် ရေလယ်ဘုရားတွေအထဲမှာ တော်တော်ကြီး ဝေးတဲ့ ပင်လယ် အနက်ထဲမှာ တည်ထားတဲ့ဘုရားလို့ ပြောရမှာ။ ကျို က်နဲရေလယ်ဘုရားကြီး ရဲ့  ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ၌ ဘုရားရောက်စေအထိ သူ့ သဘာဝ အလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့နတ်လမ်းကြီးပဲဖြစ်ပါတယ်။ ဒီနတ်လမ်းကြီးဟာ လူတွေလုပ်ထားတယ်ထင်ရလောက်အောင် ကောင်းမွန်ပြီး တစ်နှစ်မှာ တစ်ကြိမ် တစ်ကြိမ်မှာာ တစ်မနက်သာ …

အမိမြေ သတင်းအဖွဲ့အမည်ခံ ငွေအလှူခံသူ ၈ ဦးကို ဖမ်းဆီး

အမိမြေ သတင်းအဖွဲ့အမည်ခံ ငွေအလှူခံသူ ၈ ဦးကို ဖမ်းဆီး မန္တလေး၊ မေ ၂၀ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း အမိမြေ သတင်းအဖွဲ့ အမည်ဖြင့် ငွေကြေးအလှူခံသူ ၈ ဦးကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အမိမြေသတင်းအဖွဲ့ဟုဆိုကာ ကန်ကောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်သို့ စာရွက်စာတမ်းအတုများဖြင့် အလှူခံနေစဉ် အိမ်ရှင်၏ တိုင်တန်းမှုကြောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ” ကျွန်တော်တို့ဘက်ကို မကြာခဏ လာတတ်တယ်။ ဘာသာရေးနဲ့ နွယ်တဲ့ အလှူခံမျိုးလည်း လာတယ်။ အခု သတင်းမီဒီယာအမည်ခံပြီးတော့ ထပ်လာတယ်။ လာတဲ့သူတွေက သူတို့ချည်းပဲ။ လူကြီးဧည့်ခံဖို့အတွက် စားပွဲတစ်ဝိုင်းစာ နှစ်သိန်းနှုန်းနဲ့ သုံးဝိုင်းစာ လှူရမယ်လို့ ပြောတယ်။ ကျွန်တော်က …

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြောပြီ

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြော ၂၀၁၉ မိုးရာသီသည် မုတ်သုံလေ အဝင်နောက်ကျ သော နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေလ ၂၁ ရက် နောက်ပိုင်းမှသာ ဝင်ရောက်လာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ မူလက မေလ ၁၅ ရက်ခန့် တွင် ဝင်ရောက်နိုင်ကြောင်း ခန့် မှန်းသော်လည်း ရက်သတ္တတစ် ပတ်ခန့် နောက်ကျပြီးမှ ဝင် ရောက်လာဖွယ်ရှိကြောင်း ဒေါက် တာထွန်းလွင်က မေလ ၁၆ ရက် ၌ သတင်းထုတ်ပြန်ထားသည်။ ‘‘၂၀၁၉ ဟာ မုတ်သုံလေ အဝင်နောက်ကျသော နှစ်ဖြစ်ပါ တယ်။ မိုးရွာသွန်းမှု လျော့နည်း နေတဲ့အပြင် အပူချိန်များလည်း …

အတွင်းသားတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ စင်္ကာပူမှာ ကဲနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေး

စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လှပတဲ့ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူလေးပါ။ အမြဲလိုလို ညှို့အားပြင်းပုံရိပ်တွေကို ပရိသတ်တွေဆီ ချပြလေ့ရှိတဲ့ သင်ဇာကတော့ လတ်တလောမှာလည်း စင်္ကာပူသို့ အလည်အပတ်ရောက်ရှိနေတဲ့ သူမရဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ထုတ်ပြလိုက်တာတွေ့ရပါတယ်။ အတွင်းသားအလှတွေ အထင်းသားမြင်နေရတဲ့ သင်ဇာ့ရဲ့ဗီဒီယိုကတော့ အရမ်းကိုမိုက်နေတာပါနော်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အတွင်းသားတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ စင်္ကာပူမှာ ကဲနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ သင်ဇာကတော့ Gym ကို ပုံမှန်ကစားဖြစ်တာကြောင့် အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘာလေးဝတ်ဝတ် ချပ်လျပ်ပြီး ကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။ စွဲမက်ဖွယ် အတွင်းသားအလှတွေ ပေါ်လွင်နေတဲ့ သင်ဇာ့ရဲ့ဗီဒီယို အနက်ရောင် ဖက်ရှင်လေးနဲ့ ညို့အားပြင်းလွန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယို သရုပ်ဆောင်ပိုင်းမှာလည်း …

ဒီလက္ခဏာတွေ တွေ့ရင် သတိထားပါ၊ လေဖြတ်တတ်သည်

မျက်နှာ၊ လက်တွေ အားနည်းလာပြီးတော့ စကားပြောတဲ့အခါမှာ ခက်ခဲလာတာတွေက လေဖြတ်ရင် အဖြစ်များဆုံးသော လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေတင်လားဆိုတော့လည်း မဟုတ်ပါဘူး။ တခြားလက္ခဏာတွေလည်း ရှိပါသေးတယ်။ ● ခန္ဓာကိုယ်တစ်ခြမ်း (သို့) နှစ်ခြမ်းလုံးမှာရှိတဲ့ မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ အားနည်းလာခြင်း၊ ထုံကျဉ်လာခြင်း ● စကားပြောရ ခက်လာခြင်း၊ သူများပြောတာကို နားလည်ဖို့ခက်လာခြင်း ● မူးဝေထိုင်းမှိုင်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ဘာအကြောင်းမှမရှိဘဲ ချော်လဲကျခြင်း ● မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ အမြင်အာရုံဆုံးရှုံးခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း၊ အမြင်အာရုံ ကျဆင်းလာခြင်း ● ခေါင်းကိုက်ခြင်း – ရုတ်တရက်ကြီး ခေါင်းအရမ်း ထိုးကိုက်တတ်ပါတယ်။ ● အစာမျိုချရခက်ခြင်း အထက်ပါလက္ခဏာတွေက တစ်မျိုးတည်း (သို့) ၂ …

ရေအားလျှပ်စစ်စက်ရုံများပြုပြင်ရန် ပြင်သစ်ချေးငွေ ယူရို ၃၅ ဒသမ ၇ သန်း လွှတ်တော် သဘောတူ

ရေအားလျှပ်စစ်စက်ရုံ ၅ရုံ အလုံးစုံပြုပြင်ဖို့အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ထံက ယူရို ၃၅ဒသမ ၇ သန်း ချေးယူဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူ လိုက်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်းဆိပ်စတဲ့ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံကို အကြီးစားပြင်ဆင်သွားဖို့ ၀န်ကြီးဌာနက ဧပြီ ၃၀ရက်ကတည်းက လွှတ်တော်မှာ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနရဲ့ ချေးငွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စာလှယ်တွေက ဆွေးနွေးခဲ့ကြပြီး ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြန်လည် ရှင်းလင်း တင်ပြခဲ့ပါတယ်။ အဲ့ဒီနောက် လွှတ်တော်တွင်း စက်ခလုတ်သုံး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၄၆ မဲ၊ ကန့်ကွက် မဲ ၇မဲ၊ ကြားနေမဲ မရှိနဲ့ …

ဘိလပ်မြေစက်ရုံကိစ္စ အောင်သပြေကျေးရွာဒေသခံများ နဲ့ ရဲများ ရုန်းရင်းဆံခတ်ဖြစ်တဲ့ ဗွီဒီယိုဖိုင်များ

ရဲတပ်ဖွဲ့ပစ်ခတ်မှုကို live လွှင့်သတင်းတင်ဆက်ပေးခဲ့တဲ့ သတင်းထောက်ဖမ်းဆီးခံရ Channel Mandalay TV သတင်းထောက်နန္ဓ တစ်ကိုယ်တော်ကို ဖမ်းဆီးသွားကြောင်း ရွာသားများက ပြောပါတယ်။ အောင်သပြေကျေးရွာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်နေမှုများအား Live ရိုက်ကူးတင်ဆက်နေခြင်းကို သတင်းထောက်ကဒ်ထုတ်ပြသော်လည်း ကားပေါ်အတင်းဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း ကနဦးသတင်းရရှိပါသည်။ သတင်းထောက်ဖုန်းကို ဆက်သွယ်သော်အခါတွင်လည်း ဆက်ပိတ်ထားသည့် အနေအထားဖြစ်နေသည်။ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်မရပါ။ Channel Mandalay TV . Video Credit – Channel Mandalay TV

တောင်ကိုရီးယားရောက် မြန်မာတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံး

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတဦး အင်္ဂါနေ့ မနေ့က လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံးသွားပါတယ်။ သေဆုံးသူ ကိုတင့်ဇော် ဆိုသူဟာ ဂရောင်ဂီဒို ဂိုရမ်းမြို့ အီဆန်ဂု စက်မှုဇုန်ရှိ ဘိလပ်မြေကွန်ကရိမို စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မနေ့နေ့လည်ပိုင်းက သံဖရိန်တန်းတခု ဦးခေါင်းပေါ် ပြုတ်ကျခဲ့တဲ့ဒဏ်ရာနဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃ဝ နှစ်ရှိ ကိုတင့်ဇော်ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ဖူးရွာက ဖြစ်ပြီး တောင်ကိုရီးယားကို ရောက်ရှိတာ ၃၄ ရက်ပဲ ရှိသေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဇနီးနဲ့ အသက် ၄ နှစ်အရွယ် သားငယ်တဦး ကျန်ရစ်ကြောင်း သတင်းရရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှိ အလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ကာယကံရှင် မိသားစုတွေကို ဆက်သွယ်ပြီး …