ေတာင္ကုိရီးယားေရာက္ ျမန္မာတစ္ဦး လုပ္ငန္းခြင္ မေတာ္တဆမႈနဲ႔ ေသဆုံး

ေတာင္ကုိရီးယားႏုိင္ငံေရာက္ ျမန္မာအလုပ္သမားတဦး အဂၤါေန႔ မေန႔က လုပ္ငန္းခြင္ မေတာ္တဆမႈနဲ႔ ေသဆုံးသြားပါတယ္။

ေသဆုံးသူ ကုိတင့္ေဇာ္ ဆုိသူဟာ ဂေရာင္ဂီဒုိ ဂုိရမ္းျမဳိ႕ အီဆန္ဂု စက္မႈဇုန္ရွိ ဘိလပ္ေျမကြန္ကရိမုိ စက္ရုံမွာ အလုပ္လုပ္ကုိင္ေနသူျဖစ္ျပီး မေန႔ေန႔လည္ပုိင္းက သံဖရိန္တန္းတခု ဦးေခါင္းေပၚ ျပဳတ္က်ခဲ့တဲ့ဒဏ္ရာနဲ႔ ေဆးရုံမွာ ကြယ္လြန္သြားခဲ့တယ္လုိ႔ သိရပါတယ္။

အသက္ ၃ဝ ႏွစ္ရွိ ကုိတင့္ေဇာ္ဟာ မေကြးတုိင္း ေရစႀကဳိၿမဳိ႕နယ္ ေက်ာက္ဖူးရြာက ျဖစ္ျပီး ေတာင္ကုိရီးယားကုိ ေရာက္ရွိတာ ၃၄ ရက္ပဲ ရွိေသးေၾကာင္းနဲ႔ ျမန္မာႏုိင္ငံမွာ ဇနီးနဲ႔ အသက္ ၄ ႏွစ္အရြယ္ သားငယ္တဦး က်န္ရစ္ေၾကာင္း သတင္းရရွိပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံ ျမန္မာသံရုံးရွိ အလုပ္သမားေရးရာ သံအရာရွိ ဦးေဇယ်ာတင္ဝင္းက သက္ဆုိင္ရာ ရဲတပ္ဖြဲ႔နဲ႔ ကာယကံရွင္ မိသားစုေတြကုိ ဆက္သြယ္ျပီး လုိအပ္သလုိ ကူညီေဆာင္ရြက္ေပးေနတယ္လုိ႔ ေတာင္ကုိရီးယား ရွိ ျမန္မာအသုိင္းအဝန္းက ေျပာပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံ၊ ဂေရာင္ဂီဒုိ ဂုိရမ္းျမဳိ႕၊ အီဆန္ဂု စက္မႈဇုန္ရွိ ဘိလပ္ေျမကြန္ကရိမုိ စက္ရုံက ထုတ္လုပ္တဲ့ ကြန္ကရိတုိင္မ်ား။

RFA . .Photo: Citizen Journalist.

Unicode ျဖင့္ဖတ္ရန္

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတဦး အင်္ဂါနေ့ မနေ့က လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံးသွားပါတယ်။

သေဆုံးသူ ကိုတင့်ဇော် ဆိုသူဟာ ဂရောင်ဂီဒို ဂိုရမ်းမြို့ အီဆန်ဂု စက်မှုဇုန်ရှိ ဘိလပ်မြေကွန်ကရိမို စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မနေ့နေ့လည်ပိုင်းက သံဖရိန်တန်းတခု ဦးခေါင်းပေါ် ပြုတ်ကျခဲ့တဲ့ဒဏ်ရာနဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃ဝ နှစ်ရှိ ကိုတင့်ဇော်ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ဖူးရွာက ဖြစ်ပြီး တောင်ကိုရီးယားကို ရောက်ရှိတာ ၃၄ ရက်ပဲ ရှိသေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဇနီးနဲ့ အသက် ၄ နှစ်အရွယ် သားငယ်တဦး ကျန်ရစ်ကြောင်း သတင်းရရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှိ အလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ကာယကံရှင် မိသားစုတွေကို ဆက်သွယ်ပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးနေတယ်လို့ တောင်ကိုရီးယား ရှိ မြန်မာအသိုင်းအဝန်းက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂရောင်ဂီဒို ဂိုရမ်းမြို့၊ အီဆန်ဂု စက်မှုဇုန်ရှိ ဘိလပ်မြေကွန်ကရိမို စက်ရုံက ထုတ်လုပ်တဲ့ ကွန်ကရိတိုင်များ။

RFA . .Photo: Citizen Journalist.

Leave a Reply

Your email address will not be published. Required fields are marked *