ေရအားလွ်ပ္စစ္စက္႐ံုမ်ားျပဳျပင္ရန္ ျပင္သစ္ေခ်းေငြ ယူ႐ုိ ၃၅ ဒသမ ၇ သန္း လႊတ္ေတာ္ သေဘာတူ

ေရအားလွ်ပ္စစ္စက္႐ံု ၅႐ုံ အလံုးစံုျပဳျပင္ဖို႔အတြက္ ျပင္သစ္ဖြ႔ံၿဖိဳးတိုးတက္ေရးေအဂ်င္စီ ထံက ယူရို ၃၅ဒသမ ၇ သန္း ေခ်းယူဖို႔ ဒီေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က သေဘာတူ လိုက္ပါတယ္။

လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာနေအာက္မွာရွိတဲ့ ရဲႏြယ္၊ မုန္းေခ်ာင္း၊ ကင္းတား၊ ေဇာင္းတူ၊ သဖန္းဆိပ္စတဲ့ ေရအားလွ်ပ္စစ္စက္႐ုံ ၅ ႐ုံကို အႀကီးစားျပင္ဆင္သြားဖို႔ ၀န္ႀကီးဌာနက ဧၿပီ ၃၀ရက္ကတည္းက လႊတ္ေတာ္မွာ တင္ျပေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

၀န္ႀကီးဌာနရဲ႕ ေခ်းေငြနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ကိုယ္စာလွယ္ေတြက ေဆြးေႏြးခဲ့ၾကၿပီး ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာနက ျပန္လည္ ရွင္းလင္း တင္ျပခဲ့ပါတယ္။

အဲ့ဒီေနာက္ လႊတ္ေတာ္တြင္း စက္ခလုတ္သံုး မဲခြဲဆံုးျဖတ္ရာမွာ ေထာက္ခံမဲ ၅၄၆ မဲ၊ ကန္႔ကြက္ မဲ ၇မဲ၊ ၾကားေနမဲ မရွိနဲ႔ လႊတ္ေတာ္ကသေဘာတူေၾကာင္း ဆံုးျဖတ္ခဲ့တာပါ။

ျမန္မာႏိုင္ငံရွိ ေရအားလွ်ပ္စစ္စက္႐ုံ ၂၈ ႐ံုအနက္ အခုျပင္ဆင္မယ့္ ေရအားလွ်ပ္စစ္စက္႐ုံ ၅ ခုဟာ မျပင္တာ ၁၀ ႏွစ္နဲ႔ ႏွစ္ ၃၀ အထိ ရွိေနၿပီျဖစ္လို႔ ျပင္ဆင္ဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

ျပည္တြင္းမွာ လွ်ပ္စစ္အျမင့္ဆုံးသုံးစြဲမႈ အေနနဲ႔ ၂၀၁၅ ခုႏွစ္က ၂၃၅၀ မဂၢါဝပ္သာ ရွိခဲ့ရာကေန ၂၀၁၆ ခုႏွစ္မွာ ၂၆၇၀ မဂၢါဝပ္၊ ၂၀၁၇ မွာ ၂၉၀၀ မဂၢါဝပ္၊ ၂၀၁၈ မွာ မဂၢါဝပ္ ၄၀၀ ခန္႔ ပိုမိုသုံးစြဲလာၿပီး လက္ရွိ လွ်ပ္စစ္သုံးစြဲမႈ အျမင့္ဆုံးပမာဏ ၃၇၀၀ မဂၢါဝပ္ရွိတယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန စာရင္းေတြအရ သိရပါတယ္။

Credit to DVB

Unicode

ရေအားလျှပ်စစ်စက်ရုံ ၅ရုံ အလုံးစုံပြုပြင်ဖို့အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ထံက ယူရို ၃၅ဒသမ ၇ သန်း ချေးယူဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူ လိုက်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်းဆိပ်စတဲ့ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံကို အကြီးစားပြင်ဆင်သွားဖို့ ဝန်ကြီးဌာနက ဧပြီ ၃၀ရက်ကတည်းက လွှတ်တော်မှာ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနရဲ့ ချေးငွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စာလှယ်တွေက ဆွေးနွေးခဲ့ကြပြီး ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြန်လည် ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲ့ဒီနောက် လွှတ်တော်တွင်း စက်ခလုတ်သုံး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၄၆ မဲ၊ ကန့်ကွက် မဲ ၇မဲ၊ ကြားနေမဲ မရှိနဲ့ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံ ၂၈ ရုံအနက် အခုပြင်ဆင်မယ့် ရေအားလျှပ်စစ်စက်ရုံ ၅ ခုဟာ မပြင်တာ ၁၀ နှစ်နဲ့ နှစ် ၃၀ အထိ ရှိနေပြီဖြစ်လို့ ပြင်ဆင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်အမြင့်ဆုံးသုံးစွဲမှု အနေနဲ့ ၂၀၁၅ ခုနှစ်က ၂၃၅၀ မဂ္ဂါဝပ်သာ ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၂၆၇၀ မဂ္ဂါဝပ်၊ ၂၀၁၇ မှာ ၂၉၀၀ မဂ္ဂါဝပ်၊ ၂၀၁၈ မှာ မဂ္ဂါဝပ် ၄၀၀ ခန့် ပိုမိုသုံးစွဲလာပြီး လက်ရှိ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးပမာဏ ၃၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

Credit to DVB

Leave a Reply

Your email address will not be published. Required fields are marked *