ေမလ ၂၁ ရက္ ေနာက္ပုိင္းမွသာ မုတ္သံေလ ဝင္ေရာက္ႏုိင္ဟု ဦးထြန္းလြင္ေျပာၿပီ

ေမလ ၂၁ ရက္ ေနာက္ပုိင္းမွသာ မုတ္သံေလ ဝင္ေရာက္ႏုိင္ဟု ဦးထြန္းလြင္ေျပာ

၂၀၁၉ မုိးရာသီသည္ မုတ္သံုေလ အဝင္ေနာက္က် ေသာ ႏွစ္ျဖစ္ၿပီး ျမန္မာႏိုင္ငံ ေတာင္ပိုင္းသို႔ ေမလ ၂၁ ရက္ ေနာက္ပိုင္းမွသာ ဝင္ေရာက္လာ ႏိုင္ေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာ သည္။

မူလက ေမလ ၁၅ ရက္ခန္႔ တြင္ ဝင္ေရာက္ႏိုင္ေၾကာင္း ခန္႔ မွန္းေသာ္လည္း ရက္သတၱတစ္ ပတ္ခန္႔ ေနာက္က်ၿပီးမွ ဝင္ ေရာက္လာဖြယ္ရွိေၾကာင္း ေဒါက္ တာထြန္းလြင္က ေမလ ၁၆ ရက္ ၌ သတင္းထုတ္ျပန္ထားသည္။

‘‘၂၀၁၉ ဟာ မုတ္သံုေလ အဝင္ေနာက္က်ေသာ ႏွစ္ျဖစ္ပါ တယ္။ မိုးရြာသြန္းမႈ ေလ်ာ့နည္း ေနတဲ့အျပင္ အပူခ်ိန္မ်ားလည္း ျမင့္မားေနပါတယ္’’ဟု ေဒါက္တာ ထြန္းလြင္က ေျပာသည္။

အေနာက္ေတာင္မုတ္သံု ေလသည္ ျမန္မာႏုိင္ငံေတာင္ပိုင္း ေဒသသို႔ ေမလ ၅ ရက္မွ ၁၀ ရက္ အတြင္း ဝင္ေရာက္ ေလ့ရွိၿပီး ယခု ႏွစ္တြင္ သိသိသာသာေနာက္က် ျခင္းျဖစ္သည္။ ဘဂၤလားပင္ လယ္ေအာ္တြင္ ေမလဆန္းက ျဖစ္ေပၚ ခဲ့ေသာ ဖန္နီဆိုင္ကလုန္း မုန္တုိင္း ျမန္မာႏုိင္ငံသို႔ မဝင္ခဲ့ ျခင္းက မုတ္သံုအဝင္ေနာက္က်ျခင္းကုိျဖစ္ေပၚခဲ့သည္။

ယခုႏွစ္ အေနာက္ေတာင္ မုတ္သံုေလသည္ ေမလ ၂၁ ရက္ မွ ၂၂ ရက္အတြင္း ျမန္မာႏုိင္ငံ ေတာင္ပိုင္း တနသၤာရီ တိုင္းေဒသႀကီးသို႔ ဝင္ေရာက္ႏုိင္ကာ ျမစ္ဝကြၽန္းေပၚ၊ အလယ္ပိုင္းေဒသမ်ား ကို ျဖတ္သန္းၿပီးေနာက္ ေမလကုန္ဇြန္လဆန္း တြင္ ျမန္မာႏုိင္ငံသို႔ အၿပီးသတ္ဝင္ေရာက္ႏိုင္ေၾကာင္း ေဒါက္တာထြန္းလြင္က သတင္း ထုတ္ျပန္ထားသည္။

မုတ္သံုေလ ဝင္ရာလမ္း ေၾကာင္းတစ္ေလွ်ာက္တြင္ ေလထု မတည္မၿငိမ္ျဖစ္ေလ့ရွိ၍ လတ္တေလာကာလ၌ မိုးႀကိဳး ပစ္ျခင္း၊ ေလျပင္းက်ျခင္း စသည့္သဘာဝ ေဘးမ်ား သတိျပဳရန္ လိုအပ္ေန သည္။ ယခုရက္ပိုင္းအတြင္း ျမန္မာႏုိင္ငံ ေဒသအႏွံ႔တြင္ မိုးတိမ္ ေတာင္အႏၲရာယ္ကို သတိျပဳေန ထိုင္ရန္ ေဒါက္တာထြန္းလြင္က သတိေပးခ်က္ ထုတ္ျပန္ ထားသည္။

Credit – 7Day Daily

Unicode ျဖင့္ဖတ္ရန္

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြော

၂၀၁၉ မိုးရာသီသည် မုတ်သုံလေ အဝင်နောက်ကျ သော နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေလ ၂၁ ရက် နောက်ပိုင်းမှသာ ဝင်ရောက်လာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။

မူလက မေလ ၁၅ ရက်ခန့် တွင် ဝင်ရောက်နိုင်ကြောင်း ခန့် မှန်းသော်လည်း ရက်သတ္တတစ် ပတ်ခန့် နောက်ကျပြီးမှ ဝင် ရောက်လာဖွယ်ရှိကြောင်း ဒေါက် တာထွန်းလွင်က မေလ ၁၆ ရက် ၌ သတင်းထုတ်ပြန်ထားသည်။

‘‘၂၀၁၉ ဟာ မုတ်သုံလေ အဝင်နောက်ကျသော နှစ်ဖြစ်ပါ တယ်။ မိုးရွာသွန်းမှု လျော့နည်း နေတဲ့အပြင် အပူချိန်များလည်း မြင့်မားနေပါတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသသို့ မေလ ၅ ရက်မှ ၁၀ ရက် အတွင်း ဝင်ရောက် လေ့ရှိပြီး ယခု နှစ်တွင် သိသိသာသာနောက်ကျ ခြင်းဖြစ်သည်။ ဘင်္ဂလားပင် လယ်အော်တွင် မေလဆန်းက ဖြစ်ပေါ် ခဲ့သော ဖန်နီဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံသို့ မဝင်ခဲ့ ခြင်းက မုတ်သုံအဝင်နောက်ကျခြင်းကိုဖြစ်ပေါ်ခဲ့သည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေသည် မေလ ၂၁ ရက် မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးသို့ ဝင်ရောက်နိုင်ကာ မြစ်ဝကျွန်းပေါ်၊ အလယ်ပိုင်းဒေသများ ကို ဖြတ်သန်းပြီးနောက် မေလကုန်ဇွန်လဆန်း တွင် မြန်မာနိုင်ငံသို့ အပြီးသတ်ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

မုတ်သုံလေ ဝင်ရာလမ်း ကြောင်းတစ်လျှောက်တွင် လေထု မတည်မငြိမ်ဖြစ်လေ့ရှိ၍ လတ်တလောကာလ၌ မိုးကြိုး ပစ်ခြင်း၊ လေပြင်းကျခြင်း စသည့်သဘာဝ ဘေးများ သတိပြုရန် လိုအပ်နေ သည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအနှံ့တွင် မိုးတိမ် တောင်အန္တရာယ်ကို သတိပြုနေ ထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးချက် ထုတ်ပြန် ထားသည်။

Credit – 7Day Daily

Leave a Reply

Your email address will not be published. Required fields are marked *