အမိေျမ သတင္းအဖြဲ႔အမည္ခံ ေငြအလႉခံသူ ၈ ဦးကို ဖမ္းဆီး

အမိေျမ သတင္းအဖြဲ႔အမည္ခံ ေငြအလႉခံသူ ၈ ဦးကို ဖမ္းဆီး

မႏၱေလး၊ ေမ ၂၀

မႏၱေလးတိုင္း ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း အမိေျမ သတင္းအဖြဲ႔ အမည္ျဖင့္ ေငြေၾကးအလႉခံသူ ၈ ဦးကို ေမလ ၁၉ ရက္ေန႔က ဖမ္းဆီးကာ အမႈဖြင့္ထားေၾကာင္း ပုသိမ္ႀကီးၿမိဳ႕မရဲစခန္း တာ၀န္႐ွိသူတစ္ဦးက ေျပာၾကားသည္။

အမိေျမသတင္းအဖြဲ႔ဟုဆိုကာ ကန္ေကာက္ရပ္ကြက္အတြင္း႐ွိ ေနအိမ္တစ္အိမ္သို႔ စာရြက္စာတမ္းအတုမ်ားျဖင့္ အလႉခံေနစဥ္ အိမ္႐ွင္၏ တိုင္တန္းမႈေၾကာင္း ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

” ကြၽန္ေတာ္တို႔ဘက္ကို မၾကာခဏ လာတတ္တယ္။ ဘာသာေရးနဲ႔ ႏြယ္တဲ့ အလႉခံမ်ိဳးလည္း လာတယ္။ အခု သတင္းမီဒီယာအမည္ခံၿပီးေတာ့ ထပ္လာတယ္။ လာတဲ့သူေတြက သူတို႔ခ်ည္းပဲ။ လူႀကီးဧည့္ခံဖို႔အတြက္ စားပြဲတစ္၀ိုင္းစာ ႏွစ္သိန္းႏႈန္းနဲ႔ သံုး၀ိုင္းစာ လႉရမယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္က သဒၵါသေလာက္ လႉမယ္ဆိုတာ မရဘူး။ ဒါေၾကာင့္ မသကၤာလို႔ တိုင္လိုက္တာ ” ဟု ကန္ေကာက္ရပ္ကြက္ေန ကိုမ်ိဳး(ခ)ကိုမင္းေအးေဆာင္က ႐ွင္းျပသည္။

အမိေျမ သတင္းအဖြဲ႔ အမည္ခံ၍ ေငြေၾကးလိမ္လည္ အလႉခံသူမ်ားျဖစ္သည့္ ဦးေအာင္ေဆြျမင့္၊ ဦးျမင့္ေအာင္၊ ဦးတင့္ေဇာ္၊ ဦးေအာင္ေက်ာ္ထြန္း၊ ဦးေမာင္ၾကည္၊ ဦးလွျမင့္၊ ဦးမ်ိဳးေထြးႏွင့္ ဦးေ၀လင္းေအာင္တို႔ကို ပုသိမ္ႀကီးၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၅၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၂၀/၄၆၈/၁၁၄ တို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း ပုသိမ္ႀကီးၿမိဳ႕မရဲစခန္း တာ၀န္႐ွိသူတစ္ဦးက ထပ္ေလာင္းေျပာဆိုသည္။

Photo – Ko Myo Credit – The Voice Journal

Unicode ျဖင့္ဖတ္ရန္

အမိမြေ သတင်းအဖွဲ့အမည်ခံ ငွေအလှူခံသူ ၈ ဦးကို ဖမ်းဆီး

မန္တလေး၊ မေ ၂၀

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း အမိမြေ သတင်းအဖွဲ့ အမည်ဖြင့် ငွေကြေးအလှူခံသူ ၈ ဦးကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမိမြေသတင်းအဖွဲ့ဟုဆိုကာ ကန်ကောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်သို့ စာရွက်စာတမ်းအတုများဖြင့် အလှူခံနေစဉ် အိမ်ရှင်၏ တိုင်တန်းမှုကြောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

” ကျွန်တော်တို့ဘက်ကို မကြာခဏ လာတတ်တယ်။ ဘာသာရေးနဲ့ နွယ်တဲ့ အလှူခံမျိုးလည်း လာတယ်။ အခု သတင်းမီဒီယာအမည်ခံပြီးတော့ ထပ်လာတယ်။ လာတဲ့သူတွေက သူတို့ချည်းပဲ။ လူကြီးဧည့်ခံဖို့အတွက် စားပွဲတစ်ဝိုင်းစာ နှစ်သိန်းနှုန်းနဲ့ သုံးဝိုင်းစာ လှူရမယ်လို့ ပြောတယ်။ ကျွန်တော်က သဒ္ဒါသလောက် လှူမယ်ဆိုတာ မရဘူး။ ဒါကြောင့် မသင်္ကာလို့ တိုင်လိုက်တာ ” ဟု ကန်ကောက်ရပ်ကွက်နေ ကိုမျိုး(ခ)ကိုမင်းအေးဆောင်က ရှင်းပြသည်။

အမိမြေ သတင်းအဖွဲ့ အမည်ခံ၍ ငွေကြေးလိမ်လည် အလှူခံသူများဖြစ်သည့် ဦးအောင်ဆွေမြင့်၊ ဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေးနှင့် ဦးဝေလင်းအောင်တို့ကို ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် (ပ)၂၅၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောဆိုသည်။

Photo – Ko Myo Credit – The Voice Journal

Leave a Reply

Your email address will not be published. Required fields are marked *