တနှစ်ကိုတစ်ခါပဲ နတ်ခင်းထားတဲ့ ကျော်ချောလမ်းပေါ်လာတဲ့ ရေလယ်ဘုရား၏ အံ့သြဖွယ်

ဗုဒ္ဓဘာသာ ထွန်းကာတဲ့ မြန်မာပြည်မှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့စေတီပုထိုးတွေ အများကြီး ရှိတဲ့ အထဲမှာ ယနေ့ မွန်ပြည်နယ်သံဖြူ ဇရပ်မြို့  နယ် ဝဲကလောင်းရွာအနီးက ကျို က်နဲရေလယ်ဘုရားကို ကံကောင်းစွာ ဖြင့် ဒကာဒကာမတွေ ပို့ ပေးလို့ ဖူးခွင့်ရခဲ့ပါပြီ။

ဒီကျို က်နဲ ရေလယ်ဘုရားဟာ ဆိုလို့ ရှိရင် ရေလယ်ဘုရားတွေအထဲမှာ တော်တော်ကြီး ဝေးတဲ့ ပင်လယ် အနက်ထဲမှာ တည်ထားတဲ့ဘုရားလို့ ပြောရမှာ။

ကျို က်နဲရေလယ်ဘုရားကြီး ရဲ့  ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ၌ ဘုရားရောက်စေအထိ သူ့ သဘာဝ အလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့နတ်လမ်းကြီးပဲဖြစ်ပါတယ်။

ဒီနတ်လမ်းကြီးဟာ လူတွေလုပ်ထားတယ်ထင်ရလောက်အောင် ကောင်းမွန်ပြီး တစ်နှစ်မှာ တစ်ကြိမ် တစ်ကြိမ်မှာာ တစ်မနက်သာ ပွဲတော်ရှိခိုက် သူ့ အလို လို ပေါ် ထွက်လာတာပါပဲ။

နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်ည ၃ရက်နေ့ မနက်ပိုင်း တစ်ကြိမ်သာ ဒီ ကျောက်ချောခင်းထားတဲ့ နတ်လမ်းမကြီး ပေါ်ထွက်ပြီး အခြားနေ့ တွေမှာ ဒီလမ်းမကြီး ပင်လယ်ရေတွေဖုံးပြီး ပျောက်ကွယ်နေပါတယ်။

နတ်လမ်း ကြီးရဲ့ အရှည်ကတော့ဘုရားရောက်စေအထိ ၁ မိုင်နဲ့ ၆ ဖာလုံ ရှိပါတယ်။

ဦးဇင်းတို့  ဘုရားကို သွားတော့ အသွားတုန်းက ပင်လယ်ရေကကျ တုန်း ကျ ဆဲဖြစ်တာရယ် ရေစီး ကြမ်းတာရယ် ကြောင့် ခက်ခက်ခဲခဲကူးပြီး သွားခဲ့ ရပေမယ့် ဘုရားက ပြန်တော့ အလာတုန်း ရင်ဘတ်လောက် ခါးလောက် ကူးခဲ့ ရတဲ့ နတ်လမ်းမကြီး ခမ်းခြောက်နေပြီးကျောက်သားလမ်းအတိ ဖြစ်နေတာတွေ့ ရပါတယ်။

ဒီလို့  ထူးခြား အံ့ဖွယ်ကောင်းတဲ့ ကျို က်နဲ ရေလယ် ဘုရားကိုဖူးးခွင့်ရ လို့  ဝမ်းသာကြည်နူးမိပါတယ်

နတ်လမ်းစပေါ်ချိန် မှာ

နံနက် ၅နာရီ ၅နာရီခွဲ မှစတင်ကာ နံနက်ပိုင်း ၁၀ နာရီ ၁၀နာရီဝန်းကျ င်အထိသာဖြစ်ပါတယ်။ နတ်လမ်း အစ အဆုံးရေပေါ်ပေမဲ့ကြာမြင့်ချိ န်က ၂နာရီ ဝန်းကျ င်ခန့် သာကြာပါတယ်။ လိုက်ပို့ ပေးသော ဒကာဒကာမ များကို အထူးပဲကျေးဇူးတင်ပါသည်။

-11 – 2017

Crd အရှင်ဇောတိက

Leave a Reply

Your email address will not be published. Required fields are marked *