ကိုသားကြီး (ဒွေး) ရဲ့အကြည့်တွေကို ရှိန်ခဲ့တယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း

တခေတ်တခါက ရုပ်ရှင်လောကမှာ ဘုရင်တပါးလို ဖြစ်ခဲ့တဲ့ မင်းသားကြီး ဒွေးကတော့ လက်ရှိချိန်မှာ လောကကြီးကနေ

ထွက်ခွာသွားတာ ဆယ်စုနှစ်တွေ ရှိသွားပါပြီ။ မင်းသား ဒွေးကိုတော့ မြန်မာနိုင်ငံမှာ မချစ်တဲ့သူမရှိသလို သူရုတ်တရတ်

ဆုံးပါးသွားမှုကလည်း အားလုံးရဲ့ ရင်ထဲမှာ ကြေကွဲစေခဲ့ပါတယ်။ မင်းသားဒွေးကို လက်ရှိချိန်ထိ မေ့လို့မရပဲ သတိရနေတဲ့အထဲမှာတော့

မင်းသားချော ပိုင်ဇေရဲထွန်းလည်း ပါပါတယ်။ ပိုင်ဇေရဲထွန်းကလည်း တချိန်က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အားပေးခဲ့တဲ့ မင်းသား

တယောက်ပါပဲ။ လက်ရှိချိန်မှာတော့ မင်းသား ပိုင်ဇေရဲထွန်းက ကိုသားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောကြားလာပါတယ်။

မင်းသားချော ပိုင်ဇေရဲထွန်းကတော့ MC နဲ့ အင်တာဗျူးမှာ ဆုံးပါးသွားတဲ့ မင်းသား ဒွေး(ကိုသားကြီး) နဲ့ ပတ်သက်ပြီး

“ကိုသားကြီးကတော့ ဆုံးသွားတာ တော်တော်တောင် ကြာနေပါပြီ။ ဒါပေမယ့် သူကတော့ ရှိနေသေးသလိုပါပဲ။ သူ့ရဲ့အောင်မြင်မှုကြီး

သူစိုက်ထူခဲ့တဲ့ မှတ်တိုင်ကြီးက အကိုပြောခဲ့ဖူးပါတယ်။ အရင်တုန်းက ဘယ်သူ့ခေတ် ဘယ်သူ့ခေတ်ဆိုပြီးတော့ ဖြစ်ခဲ့ဖူးပါတယ်။

နောက်ဆုံးဖြစ်ခဲ့ဖူးတာကတော့ ဒွေးခေတ်ပေါ့။ ကိုသားကြီးက ခေတ်တခေတ်ကို ထူထောင်ခဲ့တာပါ။ အခုချိန်ထိပါပဲ။ ဒါကြောင့်လည်း

အခုချိန်ထိ ကိုသားကြီးကို မမေ့သေးပါဘူးလို့ ပြောချင်ပါတယ်”

“ကိုသားကြီးနဲ့ အကိုနဲ့က ကိုသားကြီးက ရုပ်ရှင်လာရိုက်တယ်။ အကိုက ဗီဒီယို လာရိုက်တယ်။ ရိုက်ကွင်းတခုမှာ ဆုံဖူးပါတယ်။

နှစ်ရက်ဆက်တိုက် ဆုံတော့ နောက်နေ့မှာသူက သရုပ်ဆောင်နည်းတွေကို ရှင်းပြတယ်။ ကိုသားကြီးနဲ့ အမှတ်တရကတော့ သူနဲ့

ရုပ်ရှင်တူတူ ရိုက်ဖို့ စီစဉ်ခဲ့ပြီးမှ အကြောင်းတခုကြောင့် မဆုံဖြစ်ခဲ့ပါဘူး။ သူနဲ့ တူတူ ရိုက်ထားတဲ့ ကားမရှိတာ စိတ်မကောင်းပါဘူး။

အနုပညာအရဆိုရင် ကိုသားကြီးက ဘုရင်တပါးပါပဲ။ အကိုတို့ ခေတ်မှာ မင်းသားအချင်းချင်း မျက်လုံးချင်း စိတ်ကြည့်လိုက်ရင် မခံနိုင်တဲ့

မင်းသားတွေထဲမှာ သူပါတယ်။ ဦးကျော်သူနဲ့လည်း ရိုက်ဖူးပါတယ်။ သူတို့မျက်လုံးပါဝါကြီးတွေက အရမ်းကောင်းတဲ့ အခါ

ကြည့်မိလိုက်ရင် ရှိန်တယ်။ အဲ့လိုပဲ ကိုသားကြီးရဲ့ မျက်လုံးကလဲ။

ကိုသားကြီးသာ အခုချိန်ထိ ရှိနေခဲ့မယ်ဆိုရင် ဆိုတဲ့ မေးခွန်းကိုတော့ “သူက အကယ်ဒမီ များရှင်ဆိုတဲ့ ဆုတွေထက်ကို ပိုနေမှာပေါ့။

အခုလိုမျိုး အချိန်မှာလည်း ရှိပါတယ်။ စွယ်စုံရမင်းသားတွေ။ သူ့ကို နောက်တတ်တဲ့ လူငယ်တွေက အများကြီး အတုယူလို့ရပါတယ်။

ကိုသားကြီးကိုလည်း မချစ်တဲ့ ပရိသတ်က မရှိဘူးလို့ ပြောလို့ရတယ်။ ကိုသားကြီးကို မီတဲ့သူတိုင်း ကိုသားကြီးကို ချစ်ကြပါတယ်။

ကိုသားကြီးကိုလည်း ပရိသတ်တွေနဲ့ ထပ်တူ ကျနော်လည်း လွမ်းနေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *