ပုလဲၿမိဳ႕နယ္ေတာင္ေပၚေဒသရွိ ေက်း႐ြာအမ်ားစုတြင္ ေသာက္သုံးေရ ရွားပါးမႈျပႆနာ ႀကဳံေတြ႕ေနရ

ပုလဲၿမိဳ႕နယ္ေတာင္ေပၚေဒသရွိ ေက်း႐ြာအမ်ားစုတြင္ ေသာက္သုံးေရ ရွားပါးမႈျပႆနာ ႀကဳံေတြ႕ေနရ

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ခရိုင္ ပုလဲၿမိဳ႕နယ္ ေတာင္ေပၚေဒသရွိ ေက်း႐ြာမ်ားတြင္ ေသာက္သုံးေရ ရွားပါးမႈႏွင့္ ရင္ဆိုင္ ႀကဳံေတြ႕ေနရၿပီး ေစတနာ အလႉရွင္မ်ား အေနျဖင့္ ဝိုင္းဝန္း စုေပါင္းကာ ေရတြင္း တူးေဖာ္ေပးရန္အတြက္ လိုအပ္ေနေၾကာင္း ပုလဲၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ထက္၏ ေျပာၾကားခ်က္အရ သိရသည္။အဆိုပါၿမိဳ႕နယ္ရွိ ေတာင္ေပၚေဒသ ေက်း႐ြာမ်ားတြင္ ကိုယ္ထူကိုယ္ထ တူးေဖာ္ထားၾကသည့္ လက္ယက္ ေရတြင္းမ်ားလည္း ရွိေၾကာင္း ထို႔ျပင္ စိမ့္ဆန္းေရကန္မ်ားလည္း ရွိေၾကာင္း ယင္းကိုယ္ထူကိုယ္ထ တူးေဖာ္ထားၾကသည့္ လက္ယက္ ေရတြင္းမ်ားႏွင့္ စိမ့္စမ္းေရကန္မ်ားရွိ ေရမ်ားအားလုံးသည္ ေနအပူရွိန္ ျပင္းထန္လာမႈေၾကာင့္ ခန္းေျခာက္သြားေၾကာင္း ၎က ဆိုသည္။

“လက္ရွိကေတာ့ ႐ြာသားေတြက ေရကို ေခြၽသာစြာ သုံးေနရတယ္။ အိုက္လို႔မွ ေရခ်ိဳးခ်င္တိုင္း ခ်ိဳးလို႔ မရဘူးေလ။ ေသာက္သုံးေရအတြက္ပဲ အဓိက ထားေနၾကရတာ။ လက္ယက္တြင္း ပုံစံမ်ိဳးေပါ့။ ေလး ငါး ေျခာက္ေတာင္ေလာက္ တူးထားတဲ့ ေရတြင္းေတြ ရွိတယ္။စိမ့္စမ္းေရကန္ေတြလည္း ရွိတယ္။ အခုဟာက ေနက အရမ္းပူလာေတာ့ အဲဒီတြင္းေတြက ေရခန္းေျခာက္သြားတာေပါ့။ ေရသြားၿပီး လႉၾကမယ္ ဆိုရင္လည္း ေတာင္ေပၚေဒသ ဆိုေတာ့ သြားလာေရးအတြက္ အဆင္မေျပဘူး။ ကားခနဲ႕ ေရလႉတာနဲ႕က မကာမိဘူး။ ကားငွားခက ေစ်းႀကီးေနတယ္။ အဲဒီေတာ့ ေစတနာ အလႉရွင္ေတြအေနနဲ႕ ေရလႉၾကမယ့္အစား အမ်ားစုေပါင္းၿပီးေတာ့ ေရတြင္း တူးေဖာ္ေပးမယ္ ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့”ဟု ပုလဲၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္ က ေျပာၾကားသည္။ပုလဲၿမိဳ႕နယ္ရွိ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ ေျမေအာက္ ေပ ၁၀၀၀ ေက်ာ္အထိ ေရတြင္း တူးေဖာ္ေပးပါကလည္း ေရလုံးဝ မရွိသည့္ ေက်း႐ြာမ်ားလည္း ရွိေၾကာင္း အခ်ိဳ႕ေက်း႐ြာမ်ားတြင္ ေျမေအာက္ေပ ၂၀၀ ေက်ာ္အထိ ေရတြင္း တူးေဖာ္ပါက လုံေလာက္သည့္ေရ ရရွိသည့္ေက်း႐ြာမ်ား ရွိေၾကာင္း သိရသည္။

ေသာက္သုံးေရ ရွားပါးသည့္ ပုလဲၿမိဳ႕နယ္ ေတာင္ေပၚေဒသရွိ ေက်း႐ြာမ်ားသို႔ ေရလုံေလာက္စြာ ရရွိေရးအတြက္ ပုလဲၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္တို႔ ဦးေဆာင္ကာ ေရတြင္း တူးေဖာ္ေပးမည့္ ေက်း႐ြာအခ်ိဳ႕အား နယ္ေျမ ကြင္းဆင္း ေဆာင္႐ြက္ေနမႈမ်ားလည္း ျပဳလုပ္ေပးေနေၾကာင္း သိရသည္။ပုလဲၿမိဳ႕နယ္ ေတာင္ေပၚေဒသရွိ ေက်း႐ြာမ်ားတြင္ ေသာက္သုံးေရ ရွားပါးမႈႏွင့္ ရင္ဆိုင္ ႀကဳံေတြ႕ေနရသည့္ ေက်း႐ြာမ်ားသည္ ေအးခ်မ္းေအာင္ေက်း႐ြာ၊ ခ်မ္းသာေအာင္ေက်း႐ြာ၊ မဲေခ်ာင္းေက်း႐ြာ၊ သကၠယ္က်င္းေက်း႐ြာ၊ ေရခ်မ္းသာေက်း႐ြာ၊ ေရသာေက်း႐ြာ၊ ဆည္ႀကီးေက်း႐ြာ စသည့္ ေက်း႐ြာမ်ား ျဖစ္ေၾကာင္း သိရသည္။
Credit ElevenMedia

Unicode

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး စေတနာ အလှူရှင်များ အနေဖြင့် ဝိုင်းဝန်း စုပေါင်းကာ ရေတွင်း တူးဖော်ပေးရန်အတွက် လိုအပ်နေကြောင်း ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်၏ ပြောကြားချက်အရ သိရသည်။အဆိုပါမြို့နယ်ရှိ တောင်ပေါ်ဒေသ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ တူးဖော်ထားကြသည့် လက်ယက် ရေတွင်းများလည်း ရှိကြောင်း ထို့ပြင် စိမ့်ဆန်းရေကန်များလည်း ရှိကြောင်း ယင်းကိုယ်ထူကိုယ်ထ တူးဖော်ထားကြသည့် လက်ယက် ရေတွင်းများနှင့် စိမ့်စမ်းရေကန်များရှိ ရေများအားလုံးသည် နေအပူရှိန် ပြင်းထန်လာမှုကြောင့် ခန်းခြောက်သွားကြောင်း ၎င်းက ဆိုသည်။

“လက်ရှိကတော့ ရွာသားတွေက ရေကို ချွေသာစွာ သုံးနေရတယ်။ အိုက်လို့မှ ရေချိုးချင်တိုင်း ချိုးလို့ မရဘူးလေ။ သောက်သုံးရေအတွက်ပဲ အဓိက ထားနေကြရတာ။ လက်ယက်တွင်း ပုံစံမျိုးပေါ့။ လေး ငါး ခြောက်တောင်လောက် တူးထားတဲ့ ရေတွင်းတွေ ရှိတယ်။စိမ့်စမ်းရေကန်တွေလည်း ရှိတယ်။ အခုဟာက နေက အရမ်းပူလာတော့ အဲဒီတွင်းတွေက ရေခန်းခြောက်သွားတာပေါ့။ ရေသွားပြီး လှူကြမယ် ဆိုရင်လည်း တောင်ပေါ်ဒေသ ဆိုတော့ သွားလာရေးအတွက် အဆင်မပြေဘူး။ ကားခနဲ့ ရေလှူတာနဲ့က မကာမိဘူး။ ကားငှားခက ဈေးကြီးနေတယ်။ အဲဒီတော့ စေတနာ အလှူရှင်တွေအနေနဲ့ ရေလှူကြမယ့်အစား အများစုပေါင်းပြီးတော့ ရေတွင်း တူးဖော်ပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု ပုလဲမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် က ပြောကြားသည်။ပုလဲမြို့နယ်ရှိ အချို့ကျေးရွာများတွင် မြေအောက် ပေ ၁၀၀၀ ကျော်အထိ ရေတွင်း တူးဖော်ပေးပါကလည်း ရေလုံးဝ မရှိသည့် ကျေးရွာများလည်း ရှိကြောင်း အချို့ကျေးရွာများတွင် မြေအောက်ပေ ၂၀၀ ကျော်အထိ ရေတွင်း တူးဖော်ပါက လုံလောက်သည့်ရေ ရရှိသည့်ကျေးရွာများ ရှိကြောင်း သိရသည်။

သောက်သုံးရေ ရှားပါးသည့် ပုလဲမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ရေလုံလောက်စွာ ရရှိရေးအတွက် ပုလဲမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့ ဦးဆောင်ကာ ရေတွင်း တူးဖော်ပေးမည့် ကျေးရွာအချို့အား နယ်မြေ ကွင်းဆင်း ဆောင်ရွက်နေမှုများလည်း ပြုလုပ်ပေးနေကြောင်း သိရသည်။ပုလဲမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် ကျေးရွာများသည် အေးချမ်းအောင်ကျေးရွာ၊ ချမ်းသာအောင်ကျေးရွာ၊ မဲချောင်းကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ ရေချမ်းသာကျေးရွာ၊ ရေသာကျေးရွာ၊ ဆည်ကြီးကျေးရွာ စသည့် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
Credit ElevenMedia

Leave a Reply

Your email address will not be published. Required fields are marked *