မီတာခ တိုးျမႇင့္ေကာက္ခံရန္ ျပည္ေထာင္စုအဆင့္မွ ခြင့္ျပဳခ်က္ရ႐ွိ

အစိုးရအေနျဖင့္ လ်ွပ္စစ္ဓာတ္အားခ အသံုးျပဳခကို တိုးျမႇင့္ေကာက္ခံရန္ ျပည္ေထာင္စုလႊတ္ေတာ္မွ ခြင့္ျပဳခ်က္ရ႐ွိၿပီးျဖစ္ကာ မၾကာခင္ ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း ႐ွမ္းျပည္နယ္အစိုးရအဖြဲ႔၊ လ်ွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဦးစိုင္း႐ွဲရ္တစ္လံုက ေျပာသည္။

ပင္ေလာင္းၿမိဳ႕နယ္ ပအို႔စ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ တီက်စ္ေက်းရြာအုပ္စုတြင္ က်င္းပျပဳလုပ္သည့္ တီက်စ္ေက်ာက္မီးေသြး သံုးေရ ေႏြးေငြ႔ဓာတ္အားေပးစက္ရံုဆိုင္ရာမ်ား ႐ွင္းလင္းတင္ျပခ်က္တြင္ ၎ကအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“လက္႐ွိမွာ အားလံုးသိၾကတဲ့အတိုင္း လ်ွပ္စစ္ကို အလွည့္က်စနစ္နဲ႔ ခြဲေဝသံုးစြဲေနရတာျဖစ္ပါတယ္။ မီတာခေတြ အခြန္ခေတြ ျပန္ၾကည့္မယ္ဆိုရင္ အ႐ႈံးေတြေျမာက္မ်ားစြာ ေပၚေနပါတယ္။ အစိုးရအေနနဲ႔ ျပည္သူလူထုကို ဝန္ေဆာင္မႈေပးတဲ့အခါမွာ ရန္ပံု ေငြေတြ၊ ဘ႑ာေရးေတြ ေတာင့္တင္းဖို႔လိုအပ္ပါတယ္။ လ်ွပ္စစ္တစ္ယူနစ္ထုတ္လုပ္တဲ့ စရိတ္ဟာ ၁၀၀ အထက္မွာ ႐ွိပါတယ္။ ဒါေပမဲ့ ျပည္သူလူထုကို ေကာက္ခံတဲ့ ႏႈန္းထားက ၅၀ ေတာင္မ႐ွိပါဘူး။ မီတာခေတြ တိုးျမႇင့္ေကာက္ခံဖို႔ လုပ္ေနပါၿပီ။ ျပည္ ေထာင္စုအဖြဲ႔ဆီကလည္း ခြင့္ျပဳခ်က္ရပါၿပီ။ မျငာခင္ေဆာင္ရြက္ေတာ့မွာ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္အေနနဲ႔ေတာ္ေတာ္ေလး နစ္နာ ေနပါၿပီ။ မ်ွမ်ွတတ ေတြးဖို႔လိုပါတယ္”ဟု ႐ွမ္းျပည္နယ္အစိုးရအဖြဲ႔၊ လ်ွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးစိုင္း႐ွဲရ္တစ္လံုက ေျပာသည္။
နိုင္ငံေတာ္အေနျဖင့္ ႏွစ္စဥ္ ေငြက်ပ္ ဘီလ်ံ ၄၀၀ အ႐ႈံးခံေရာင္းခ်ေပးေနရၿပီး သံုးစြဲသူဦးေရ ပိုတိုးလာေလ ပို၍အ႐ံႈးေပၚလာႏိုင္ ေၾကာင္း သိရသည္။
တစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ ေန႔စဥ္လွ်ပ္စစ္ မဂၢါဝပ္ ၃၀၀၀ ထုတ္လုပ္ေနေသာ္လည္း ရာႏႈန္းျပည့္ လ်ွပ္စစ္မီးမရ႐ွိေသး ေၾကာင္း သိရသည္။
ထို႔အတြက္ေၾကာင့္၂၀၃၀ ျပည့္ႏွစ္ မတိုင္မီ ရာႏႈန္းျပည့္ လ်ွပ္စစ္မီးရ႐ွိရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

– စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

မီတာခ တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရရှိ

အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခ အသုံးပြုခကို တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ မကြာခင် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောသည်။
ပင်လောင်းမြို့နယ် ပအို့စ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တီကျစ်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည့် တီကျစ်ကျောက်မီးသွေး သုံးရေ နွေးငွေ့ဓာတ်အားပေးစက်ရုံဆိုင်ရာများ ရှင်းလင်းတင်ပြချက်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာ အားလုံးသိကြတဲ့အတိုင်း လျှပ်စစ်ကို အလှည့်ကျစနစ်နဲ့ ခွဲဝေသုံးစွဲနေရတာဖြစ်ပါတယ်။ မီတာခတွေ အခွန်ခတွေ ပြန်ကြည့်မယ်ဆိုရင် အရှုံးတွေမြောက်များစွာ ပေါ်နေပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ရန်ပုံ ငွေတွေ၊ ဘဏ္ဍာရေးတွေ တောင့်တင်းဖို့လိုအပ်ပါတယ်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်တဲ့ စရိတ်ဟာ ၁၀၀ အထက်မှာ ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ကောက်ခံတဲ့ နှုန်းထားက ၅၀ တောင်မရှိပါဘူး။ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ လုပ်နေပါပြီ။ ပြည် ထောင်စုအဖွဲ့ဆီကလည်း ခွင့်ပြုချက်ရပါပြီ။ မငြာခင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့တော်တော်လေး နစ်နာ နေပါပြီ။ မျှမျှတတ တွေးဖို့လိုပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောသည်။
နိုင်ငံတော်အနေဖြင့် နှစ်စဉ် ငွေကျပ် ဘီလျံ ၄၀၀ အရှုံးခံရောင်းချပေးနေရပြီး သုံးစွဲသူဦးရေ ပိုတိုးလာလေ ပို၍အရှုံးပေါ်လာနိုင် ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နေ့စဉ်လျှပ်စစ် မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နေသော်လည်း ရာနှုန်းပြည့် လျှပ်စစ်မီးမရရှိသေး ကြောင်း သိရသည်။
ထို့အတွက်ကြောင့်၂၀၃၀ ပြည့်နှစ် မတိုင်မီ ရာနှုန်းပြည့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။

– စုသက်နှင်း(အကုန်သိသတင်းဌာန)