လူရႈပ္တဲ့လမ္းေပၚမွာ ေအးေအးေဆးေဆး လမ္းေလွ်ာက္ခ်င္လို႔ ေျမြေခၚလာတဲ့အဖိုးတဦး

ေဈးဆိုင္ေတြ ဗလဗြနဲ႔လူေတြရႈပ္ယွက္ခတ္ေနတဲ့ လမ္းထဲျဖတ္ေလွ်ာက္တဲ့အခါ လူေတြတိုးေဝွ႕ၿပီးမသြားရေအာင္လုိ႔ ထင္ပါတယ္။ ဥာဏ္ေကာင္းတဲ့အဖိုးအိုဟာ ေျမြအစစ္နဲ႔တူူလြန္းတဲ့ အရုပ္ေျမြကို သူ႕မွာႀကိဳးခ်ည္ၿပီး လမ္းေလွ်ာက္ခဲ့ပါတယ္။

ဟာသလုပ္တာပဲျဖစ္ျဖစ္ေပ့ါ။ ဒီလိုေျမြထားတဲ့ idea ေလးကိုေတာ့ ေတာ္ေတာ္သေဘာက်တယ္။

လူေတြက ေျမြႀကီးလမ္းေပၚသြားေနတာေတြ႕တာနဲ႔ကို ေၾကာက္တာနဲ႔ ေဝးေဝးေရွာင္ၾကမွာပဲ မဟုတ္လား။ ရုတ္တရက္ၾကည့္လိုက္ရင္ ေျမြက အဖိုးေနာက္လိုက္ေနတတဲ့အတြက္ မသိရင္ သူကပဲ ေျမြကို ေမြးထားၿပီး ေခြးေလးေၾကာင္ေလးေတြလို ေခၚလာတာနဲ႔ေတာင္ တူေနပါေသးတယ္။

သူနဲ႔ေျမြကိုျမင္တဲ့လူတခ်ိဳ႕ကေတာ့ ညဖက္လည္း ညဖက္မို႔ သဲသဲကြဲကြဲမျမင္ရတာေၾကာင့္ ထိန္႔လန္႔ျဖန္႔ကုန္ၾကရပါတယ္။

ဖုိးဖိုးရဲ႕ဥာဏ္ေလးကိုေတာ့ ေရႊကြပ္ထားလိုက္ခ်င္ပါဘိေနာ္။

Source: Trendy Feed

Penny

Credit – shwemom

Unicode ျဖင့္ဖတ္ရန္

ဈေးဆိုင်တွေ ဗလဗွနဲ့လူတွေရှုပ်ယှက်ခတ်နေတဲ့ လမ်းထဲဖြတ်လျှောက်တဲ့အခါ လူတွေတိုးဝှေ့ပြီးမသွားရအောင်လို့ ထင်ပါတယ်။ ဉာဏ်ကောင်းတဲ့အဖိုးအိုဟာ မြွေအစစ်နဲ့တူူလွန်းတဲ့ အရုပ်မြွေကို သူ့မှာကြိုးချည်ပြီး လမ်းလျှောက်ခဲ့ပါတယ်။

ဟာသလုပ်တာပဲဖြစ်ဖြစ်ပေ့ါ။ ဒီလိုမြွေထားတဲ့ idea လေးကိုတော့ တော်တော်သဘောကျတယ်။

လူတွေက မြွေကြီးလမ်းပေါ်သွားနေတာတွေ့တာနဲ့ကို ကြောက်တာနဲ့ ဝေးဝေးရှောင်ကြမှာပဲ မဟုတ်လား။ ရုတ်တရက်ကြည့်လိုက်ရင် မြွေက အဖိုးနောက်လိုက်နေတတဲ့အတွက် မသိရင် သူကပဲ မြွေကို မွေးထားပြီး ခွေးလေးကြောင်လေးတွေလို ခေါ်လာတာနဲ့တောင် တူနေပါသေးတယ်။

သူနဲ့မြွေကိုမြင်တဲ့လူတချို့ကတော့ ညဖက်လည်း ညဖက်မို့ သဲသဲကွဲကွဲမမြင်ရတာကြောင့် ထိန့်လန့်ဖြန့်ကုန်ကြရပါတယ်။

ဖိုးဖိုးရဲ့ဉာဏ်လေးကိုတော့ ရွှေကွပ်ထားလိုက်ချင်ပါဘိနော်။

Source: Trendy Feed

Penny

Leave a Reply

Your email address will not be published. Required fields are marked *