စိတ္က်န္းမာေရးေဆး႐ုံႀကီးကို ေရာက္လာတဲ့ စိတ္ေဝဒနာရွင္အမ်ားဆုံးက အရက္စြဲမႈေၾကာင့္ျဖစ္ေန

Zawgyicode

စိတ္က်န္းမာေရးေဆး႐ုံႀကီးကို ေရာက္လာတဲ့ စိတ္ေဝဒနာရွင္အမ်ားဆုံးက အရက္စြဲမႈေၾကာင့္ျဖစ္ေန

႐ြာသာႀကီးမွာရွိတဲ့ စိတ္က်န္းမာေရးေဆး႐ုံႀကီးကိုေရာက္ရွိလာသူေတြဟာ အခုႏွစ္ေတြထဲမွာဆိုရင္ အရက္ေၾကာင့္ ျဖစ္တဲ့ စိတ္ေရာဂါေဝဒနာရွင္ေတြမ်ားတယ္လို႔ စိတ္က်န္းမာေရးဆရာဝန္ႀကီးျဖစ္တဲ့ ေဒါက္တာသက္ေဇာ္က Duwun ကိုေျပာပါတယ္။စိတ္ေရာဂါေဝဒနာရွင္ေတြဟာ အရက္စြဲရာကေန စိတ္ကေယာင္ကတန္းျဖစ္တာေတြ၊ စိတ္က်ေရာဂါျဖစ္တာေတြ၊ ရွိသလို ဒုတိယအမ်ားဆုံးေရာက္ရွိတဲ့ လူနာေတြကေတာ့ မူးယစ္ေဆးသုံးစြဲမႈေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။”အရက္ဆိုင္ေတြကလည္းမ်ားလာသလို၊ အရက္ေသာက္တဲ့ႏႈန္းကလည္းျမင့္လာတယ္။ ဒီႏွစ္ေတြထဲမွာဆိုရင္ အရက္ေၾကာင့္ျဖစ္ၿပီး စိတ္ေရာဂါရတဲ့ လူနာေတြဟာ မ်ားလာတာကို ေတြ႕ရတယ္။”လို႔ စိတ္က်န္းမာေရးေဆး႐ုံႀကီးက ကထိကလည္းျဖစ္ စိတ္ေရာဂါအထူးကုဆရာဝန္ႀကီးလည္းျဖစ္တဲ့ ေဒါက္တာသက္ေဇာ္ကေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ၅ ႏွစ္တာကာလအတြင္း အရက္စြဲေရာဂါျဖစ္ပြားမႈဟာ ၂ ဆခြဲေလာက္ျမင့္တက္လာေနတယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနကသိရပါတယ္။ဒါဟာ နိုင္ငံေတာ္ရဲ႕ ျပႆနာအသြင္ျဖစ္ေနၿပီး အရက္ေသာက္မႈေတြေၾကာင့္ ေရာဂါ့ဖစ္ပြားမႈေတြ၊ ခိုက္ရန္ျဖစ္ပြားမႈေတြနဲ႕ ယာဥ္မေတာ္တဆမႈေတြပိုၿပီးျဖစ္လာေနတယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးေဒါက္တာျမင့္ေထြးက နိုင္ငံပိုင္သတင္းဌာနကိုေျပာၾကားထားပါတယ္။

အရက္ ေသာက္သုံး ျခင္းေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာတြျဖစ္တဲ့ အသည္းေရာင္ျခင္း၊ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ ျဖစ္ျခင္း၊ ေသြးအန္ျခင္း၊ အစာအိမ္ ေရာဂါျဖစ္ျခင္း၊ ႏွလုံးေရာဂါ ျဖစ္ျခင္း၊ ဦးႏွောက္ႏွင့္ အာ႐ုံေၾကာ ေရာဂါျဖစ္ျခင္း၊ ပန္းေသပန္းညွိုး ျဖစ္ျခင္း၊ သားသမီး မရျခင္း၊ စိတ္ေရာဂါမ်ား ျဖစ္ေပၚနိုင္ပါတယ္။အရက္စြဲေဝဒနာနဲ႕ပတ္သက္ၿပီး သုေတသနပညာရွင္ေတြရဲ႕ ေလ့ လာခ်က္အရ အရက္တစ္မ်ိဳးမ်ိဳး၊ အထူးသျဖင့္ အရက္အျပင္းစား (ရမ္၊ ဝီစကီ၊ ဂ်င္၊ အရက္ ျဖဴ) ေတြကို ေန႕စဥ္ ငါးပက္မွ ခုနစ္ပက္ အထိ ေသာက္သုံးရင္ သီတင္းပတ္ ၃ ပတ္အတြင္းအရက္စြဲနိုင္ေစတယ္လို႔ဆိုပါတယ္။
Crd Duwun

Unicode

ရွာသာကြီးမှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးကိုရောက်ရှိလာသူတွေဟာ အခုနှစ်တွေထဲမှာဆိုရင် အရက်ကြောင့် ဖြစ်တဲ့ စိတ်ရောဂါဝေဒနာရှင်တွေများတယ်လို့ စိတ်ကျန်းမာရေးဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာသက်ဇော်က Duwun ကိုပြောပါတယ်။စိတ်ရောဂါဝေဒနာရှင်တွေဟာ အရက်စွဲရာကနေ စိတ်ကယောင်ကတန်းဖြစ်တာတွေ၊ စိတ်ကျရောဂါဖြစ်တာတွေ၊ ရှိသလို ဒုတိယအများဆုံးရောက်ရှိတဲ့ လူနာတွေကတော့ မူးယစ်ဆေးသုံးစွဲမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။”အရက်ဆိုင်တွေကလည်းများလာသလို၊ အရက်သောက်တဲ့နှုန်းကလည်းမြင့်လာတယ်။ ဒီနှစ်တွေထဲမှာဆိုရင် အရက်ကြောင့်ဖြစ်ပြီး စိတ်ရောဂါရတဲ့ လူနာတွေဟာ များလာတာကို တွေ့ရတယ်။”လို့ စိတ်ကျန်းမာရေးဆေးရုံကြီးက ကထိကလည်းဖြစ် စိတ်ရောဂါအထူးကုဆရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာသက်ဇော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၅ နှစ်တာကာလအတွင်း အရက်စွဲရောဂါဖြစ်ပွားမှုဟာ ၂ ဆခွဲလောက်မြင့်တက်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ဒါဟာ နိုင်ငံတော်ရဲ့ ပြဿနာအသွင်ဖြစ်နေပြီး အရက်သောက်မှုတွေကြောင့် ရောဂါ့ဖစ်ပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ယာဉ်မတော်တဆမှုတွေပိုပြီးဖြစ်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံပိုင်သတင်းဌာနကိုပြောကြားထားပါတယ်။

အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။အရက်စွဲဝေဒနာနဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေရဲ့ လေ့ လာချက်အရ အရက်တစ်မျိုးမျိုး၊ အထူးသဖြင့် အရက်အပြင်းစား (ရမ်၊ ဝီစကီ၊ ဂျင်၊ အရက် ဖြူ) တွေကို နေ့စဉ် ငါးပက်မှ ခုနစ်ပက် အထိ သောက်သုံးရင် သီတင်းပတ် ၃ ပတ်အတွင်းအရက်စွဲနိုင်စေတယ်လို့ဆိုပါတယ်။
Crd Duwun

Leave a Reply

Your email address will not be published. Required fields are marked *