အမြဲတမ်းကြီးချစ်နေရရင်ပျင်းတယ်ဆိုတဲ့ ပတ်ထရစ်ရှာ

မြန်မာသရုပ်ဆောင်နဲ့မော်ဒယ်လောကမှာ သူမတူပဲတမူခြားတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲကို အချိန်တိုလေးအတွင်းမှာ နေရာယူနိုင်ခဲ့ပြီး ယောက်ျားလေးပရိသတ်တွေရဲ့စိတ်ဝင်စားမှု အားပေးဝန်းရံမှုကိုရရှိထားတဲ့ ပတ်ထရစ်ရှာ က Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ သူ့အချစ်ရေးနဲ့ပတ်သက်ပြီးပြေပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြန်လည်ပြောပြပေးလိုက်ပါတယ်။ “အမြဲတမ်းကြီးချစ်နေရရင်ပျင်းတယ်။ ညီမအချစ်ရေးက အထူးတဝင်ပြောစရာကိုမရှိတာ ။ ဆိုတော့အဲ့ဒီလိုမျိုးအေးဆေးပါပဲ အမြဲတမ်း စိတ်လွတ်ကိုယ်လွတ်ပဲ လုပ်ချင်တာလုပ် ။ ညီမခံယူထားတာတော့အချစ်က ချိုတယ်လည်းမဟုတ်ဘူးခါးတယ်လည်းမဟုတ်ဘူး လူပေါ်ပဲမူတည်တယ် ။ ကိုယ်ရွေးလိုက်တဲ့သူ ကိုယ့်ချစ်သူကလူကောင်းတစ်ယောက်ဆိုရင် အမြဲသာယာနေမှာပါ။ ရွေးထားတဲ့သူမှားနေပြီဆိုရင်တော့အမြဲတမ်းပူလောင်နေမှာပေါ့ ။ ညီမကတော့အဲ့ဒီလိုခံယူထားတယ်။ အရင်တုန်းကညီမလည်း ခဏခဏအချစ်ရေးနဲ့ပတ်သက်ပြီးပူလောင် ဖူးတယ် Dramaအရမ်းများတယ်။ အခုကတော့အေးဆေးပဲ။ ဒီအရွယ်ဆိုတော့ လွတ်လွတ်လပ်လပ်လည်းနေချင်တယ်။ သူတို့တွေကကြတော့လည်း ကြိုက်ပြီဆို ဥပမာလက်ထပ်ဖို့အကြောင်းတွေပြောလာတယ်။ ကိုယ်ကလည်း အဲ့ဒီလောက်ထိကြီးကိုမစဉ်းစားဘူးကွာ ။ အဲ့ဒီလောက်ထိကိုစဉ်းစားပြီးတော့ တွဲနေတာမျိုးမဟုတ်ဘူး။ ကိုယ်အလုပ်တွေလုပ်စရာတွေရှိသေးတယ်။ အိမ်ထောင်မပြုချင်ဘူး လွတ်လွတ်လပ်လပ်ရှိတယ်။”ဆိုပြီင်္းပြောပြသွာခဲ့ပါတယ်။ …

အပူချိန်တွေ ဆက်လက် မြင့်တက်နိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့ ဒေါက်တာထွန်းလွင် သတိပေးပြီ

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကို အဝင်နောက်ကျတာကြောင့် မေ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ အပူချိန်တွေ ဆက်ပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အန္တရာယ်ရှိလောက်တဲ့ အပူချိန်တွေ ဖြစ်လာနိုင်လို့ အထူးဂရုစိုက်နေထိုင်ဖို့ သတိပေးထားတာဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က RFA ကို ပြောပါတယ်။ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မေလလယ်လောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မေလ ၂၁ ကနေ ၂၅ ရက်အတွင်းဝင်ရောက်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ မေလ ၂၆ ကနေ ၂၉ အတွင်း၊ မြောက်ပိုင်းဒေသတွေမှာ မေလ ကုန်ပိုင်းလောက်မှာ ဝင်ရောက်နိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် …

မန္တလေးမှာရဲတပ်ဖွဲ့ကအုပ်စုဖွဲ့ ရမ်းကားသူများကို အသွင်ယူဖမ်းဆီးရာ တစ်ပတ်အတွင်း တရားခံ ၂၂၅ ဦး ဖမ်းမိ

Zawgyicode မန္တလေးမှာရဲတပ်ဖွဲ့ကအုပ်စုဖွဲ့ ရမ်းကားသူများကို အသွင်ယူဖမ်းဆီးရာ တစ်ပတ်အတွင်း တရားခံ ၂၂၅ ဦး ဖမ်းမိ မန္တလေးခရိုင်အတွင်း မေလ ၅ ရက် က စပြီး စီမံချက်နဲ့ မှုခင်းကျဆင်းရေး လုပ်ခဲ့တာကြောင့် တပတ်အတွင်း တရားခံ ၂၂၅ ဦး ကို အရေးယူနိုင်ခဲ့တယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ညအချိန် အုပ်စုဖွဲ့ မူးယစ် ရမ်းကားသူတွေကို ရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီးခဲ့တာကြောင့် မေလ ၅ ရက် ကနေ မေလ ၁၀ ရက် အထိ ၅ ရက် အတွင်း အမှုပေါင်း ၈၀ နဲ့ တရားခံ ၁၀၇ ဦး တို့ကို အရေးယူနိုင်ခဲ့ပြီး မေလ ၁၁ ရက် မှာတော့ …

နေ့ခင်းကြောင်တောင် ဆိုင်ကယ်နဲ့လူတစ်ယောက်က သေနတ်နဲ့ လိုက်ပစ်ခတ်

တာချီလိတ်မှာ ဆိုင်ကယ်နောက်ကလိုက်စီးလာတဲ့ လူငယ်ကို သေနတ်နဲ့ လိုက်လံပစ်ခတ် တာချီလိတ်၊ မေ ၁၃ တာချီလိတ်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို အခြားဆိုင်ကယ်နဲ့ လူတစ်ယောက်က မေလ ၁၃ရက် နေ့လည်ပိုင်းက သေနတ်နဲ့ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၃ရက်နေ့လည်ပိုင်းက အသက် (၂၁)နှစ်အရွယ် အောင်ပြည့်ဖြိုးဟာ အခြား သူငယ်ချင်း (၃)ယောက်နဲ့အတူ ဆိုင်ကယ်(၂)စီးနဲ့ ဝမ်မိုင်ဘက်ကနေ ပါလျံဘက်ကို လာတဲ့အချိန်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေး အနီးက လမ်းကြားတစ်ခုမှာ လူတစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်ထိမှန်ခဲ့တာလို့ ဆိုင်ကယ်အတူစီးနင်းလာတဲ့ သူရဲ့သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့က ဂိမ်းကူးဖို့ ထွက်လာတာ။ ပထမ သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ မထိလိုက်ဘူး။ …

ခရီးအဝေးကြီးကနေ ချစ်သူဆီ အရောက်လာခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးရဲ့ ဖြစ်ရပ်

ဖေ့ဘွတ် ပေါ်က ချစ်သူကို ယုံစားပြီး ခရီးဝေးကနေ ချိန်းတဲ့နေရာထိ လိုက်လာမိတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးရဲ့ အဖြစ် … ကောင်မလေးက အသက်(၁၄)နှစ်။ နာမည်က မ​အေးသဇင်​ဦး ၁၄နှစ်​ (ဘ)ဦး​အောင်​မြင့်​ (မိ) ​ဒေါ်​ချောစု နာဂဒူး​ကျေးရွာ ​ကော့ကရိတ်​မြို့ ကရင်ပြည်နယ်ကပါ။ ခေါ်ဆောင်တဲ့ ကောင်လေးကတော့ အောက်က အကျီ င်္အနီနဲ့ ပုံပါ အကောင့်ပိုင်ရှင်ပါ။ သူတို့ဟာသူတို့ ဘယ်လိုချိတ်ဆက် အဆက်အသွယ်လုပ်ပြီး လာခဲ့သလဲတော့မသိဘူး။ မေးမြန်းချက်အရ အတိုချုပ်ပြောရရင် ကောင်လေးနဲ့ ကောင်မလေးက Online ပေါ်တွေ့တာပေါ့။ ရည်းစား တွေဖြစ်။ ကောင်မလေးကလဲ အဖေမရှိတော့ဘူးလို့ဆိုပါတယ်။ အားကိုးရှာတာလဲ ဖြစ်မှာပေါ့။ ကောင်လေးက မော်လမြိုင်ကလား ချောင်းဆုံကလား မသိဘူး။ လိုင်းပေါ်ကတဆင့်တက် ဖုန်းနဲ့အချိတ် အဆက်လုပ်ပြီး ကောင်မလေး ကိုခေါ်တယ်။ …

လေယာဉ်မတော်တဆမှုမှာ ခရီးသည်အားလုံးရဲ့ ကယ်တင်ရှင် လေယာဉ်မှူးကြီး မြတ်မိုးအောင်

ရှ့ဘီး ချမရတာကို အမှန်ကန်ဆုံး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ လေယာဉ်မှူးကြီး မြတ်မိုးအောင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့(မေ ၁၂) နံနက်ပိုင်းက Myanmar National Airlines မှ လေယာဉ်တစ်စီး မတော် တဆမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ခရီးသည်များအားလုံးရဲ့ အသက်အန္ဒတွေကို ကယ်တင်ပေးခဲ့တဲ့ ကယ်တင်ရှင် လေယာဉ်မှူးကြီး တော်တော်ကို တော်ပါတယ်။ ရှေ့ဘီးချမရတာကို ဦးပိုင်းဝမ်းဗိုက်နဲ့လျှောတိုက်ပြီး အထိအခိုက်အပျက် အစီးမရှိ ဘေးကင်းစွာဆင်းသက်နိုင်တာ ကျွမ်းကျင်မှု အတွေ့အကြုံ ဆုံးဖြတ်ချက်မှန်ကန်မှု အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူးကြီးကို လေးစား ဂုဏ်ပြု ပါတယ် လေယာဉ်မှူးကြီး မြတ်မိုးအောင် ဘီးမကျတဲ့ လေယာဉ်ကိစ္စ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ချက် ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် …

ဒုက္ခတွေပေါ်မှာ ဒုက္ခတွေဆင့်နေလို့ ကယ်တော်မူပေးကြပါ

တိန်​ညိုတိုက်​နယ်​အနီးတဝိုက်​ရှိ စခန်းတချို့တွင်​ စားနပ်​ရိက္ခာ၊ ​သောက်​သုံး​ရေနှင့်​ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု အ​ရေးတကြီးလိုအပ်​​နေ။ ​မြောက်​ဦးမြို့နယ်​၊ တိန်​ညို့ တိုက်​နယ်​ အနီးတဝိုက်​ရှိ ဘုရာလှ (ပြလှ)၊ ကုလား​ချောင်း၊ ဝက်​လှ၊ ရှင်​​ကျော်​၊ ရက်​ကန်းသည်​မ စသည့်​ကျးရွာများရှိ စစ်​​ဘေး​ရှောင်းစခန်းများတွင်​ အ​ခြေခံ ဆန်​အပါအဝင်​ စားနပ်​ရိက္ခာ ပြတ်​​တောက်​ခါနီးအထိ ဖြစ်​​နေပါသည်​။ စစ်​​တွေ – ရန်​ကုန်​ ကားလမ်းမနှင့်​ ​ဝေးကွားသည့်​ အတွင်းဘက်​တွင်​ တည်​ရှိခြင်း၊ ​မြေသားလမ်းဖြစ်​သည့်​အပြင်​ တံတားများ မ​ကောင်းခြင်း၊ ကုန်းလမ်းတစ်​တန်​၊ ​ရေလမ်းတစ်​တန်​သွားလာရခြင်းတို့​ကြောင့်​ ကူညီ​ထောက်​ပံ့သူများ အ​ရောက်​အ​ပေါက်​နည်းသည်​ဟု REC ၏ ​မြေပြင်​စစ်​တမ်း​ကောက်​ယူသူများ၏ သတင်း​ပေးပို့ချက်​အရ သိရပါသည်​။ `​ကျေရွားတွင်​ ​သောက်​သုံး​ရေလည်း ခမ်း​ခြောက်​​နေပါပြီ၊ တချို့​ကျေးရွာများတွင်​ ရှိ​နေသည့်​​ရေကလည်း လုံးဝ မသန့်​​တော့ပါ။ အပူချိန်​ပြင်းထန်​တာ​ကြောင့်​ စားမဝင်​၊ အိပ်​မ​ပျော်​ ဖြစ်​ပြီး ​နေမ​ကောင်းလည်း ​တော်​​တော်​ …

အပူချိန်ဆက်လက် မြင့်တက်နေပြီး ၄ ရက်အတွင်း အပူချိန် ပြန်ကျမည်ဟု ဒေါက်တာထွန်းလွင်ခန့်မှန်

မန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် အပူချိန်ဆက်လက် မြင့်တက်နေပြီး မြို့သုံးမြို့၌ ထပ်မံ၍ အပူချိန်စံချိန်သစ်တင်ခဲ့သည်။ လတ်တလော အပူဆုံးဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ မြို့လေးမြို့တွင် မေလ၉ ရက်က အပူချိန်စံချိန်သစ်တင် ပြီးနောက် မေလ ၁၀ ရက်၌ နောက်ထပ်မြို့သုံးမြို့တွင် စံချိန် သစ်တင်ခြင်းဖြစ်သည်။ မေလ ၁၀ ရက်က ဂန့်ဂေါ၊ ပေါက်နှင့် ဖလမ်းမြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ဂန့်ဂေါမြို့၌ ၄၆ ဒသမ ၆ ဒီဂရီစင်တီရိတ်အထိ မြင့်တက်ခဲ့သည်။ လတ်တ လော အပူချိန်အမြင့်ဆုံးဒေသ သည် မကွေးတိုင်းဒေသကြီးဖြစ် သည်။ တိုင်းဒေသကြီးနှင့် ပြည် နယ်လေးခု၌ နှစ်ရက်အတွင်း မြို့ခုနစ်မြို့တွင် စံချိန်သစ်တင်ရာ မကွေးတိုင်းဒေသကြီးမှ လေးမြို့ ပါဝင်သည်။ အနောက်တောင်မုတ်သုံ လေ မြန်မာနိုင်ငံသို့ …

ကလေးသူခိုး တစ်ယောက်မိထားသော်လည်း အဖွဲ့လိုက်ရှိနေသေးလို့ မိဘများ ဂရုစိုက်ကြပါနော်

ကလေးသူခိုး တစ်ယောက်မိထားသော်လည်း အဖွဲ့လိုက်ရှိနေသေးလို့ မိဘများ ဂရုစိုက်ကြပါ ကလေးမိဘများဂရုစိုက်ကြပါ 12-5-2019 ကချင်ပြည် ဖားကန့် မြို့နယ် ဆိပ်မူအုပ်စုကောင်စံ ၇ပ်ကွပ် ( ၄ ) အိမ်အမှတ် /၉၁ ကျောက်ဝယ်ဟန်ဆောင်ပြီးကလေးခိုးသည့်သူအားဒေသခံ စည်လုံးအင်အားနဲ့ ဖမ်းမိခဲ့သည်။ အဖွဲ့လိုက် လာသည်ဟုဖော်ထုတ်ချက်အရ သိရှိ ဆိပ်မူ မှော်၇ှန်မှာ အဖွဲ့လိုက် ရှိနေကြောင်းသိရသည်။ ဖြစ်ချိန် 12 5 2019 ယခု 15း00ခန်မှန်း Kaung Kaung ကလေးသူခိုး တစ်ယောက်မိထားသော်လည်း အဖွံလိုက်ရှိနေသေးလို့ မိဘများ ဂရုစိုက်ကြပါ ကလေးမိဘများဂရုစိုက်ကြပါ 12-5-2019 ကချင်ပြည် ဖားကန့် မြို့နယ် ဆိပ်မူအုပ်စုကောင်စံ ရပ်ကွပ် ( ၄ ) အိမ်အမှတ် /၉၁ ကျောက်ဝယ်ဟန်ဆောင်ပြီးကလေးခိုးသည့့်သူအားဒေသခံ စည်လုံးအင်အားနဲ ့ဖမ်းမိခဲ့သည်။ …

လူကြီးက ဖုန်းကလိနေတုန်း ကလေးထည့်ထားတဲ့ တွန်းလှည်းကို ကုန်တင်ကားကြီးကြိတ်သွားတဲ့ ဗွီဒီယိုဖိုင်ထွက်ပေါ်

လူကြီးက ဖုန်းကလိနေတုန်း ကလေးထည့်ထားတဲ့ တွန်းလှည်းကို ကုန်တင်ကားကြီးကြိတ်သွားတဲ့ ဗွီဒီယိုဖိုင်ထွက်ပေါ် ဒီပို့လေးက ယမန်နေ့က တင်ခဲ့တဲ့ပို့လေးပါ။ တစ်ချို့လူတွေက ပုံပဲပါတာဆိုတော့ သိပ်ယုံကြလို့ အခု ဗွီဒီယိုဖိုင် ထွက်လာလို့ ပြန်တင်ပြပေးလိုက်ပါတယ်။ကလေးအမေတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့် တစ်သက်တာလုံး ရင်ကျိုးရမယ့် ဖြစ်ရပ်တစ်ခုကို သင်ခန်းစာအနေနဲ့ မိခင်တိုင်း သတိရှိကြစေချင်ပါသည်။ မိခင် အွန်လိုင်းသုံးနေတုန်း ကလေးတင်ထားတဲ့ ဘီးတပ်ထိုင်ခုံက လမ်းပေါ်လိမ့်ပြီး ကားတိုက် သေဆုံးအွန်လိုင်းသုံးရတာ ပျော်ရဲ့လား မေမေ အွန်လိုင်းကို သားထက် ပိုပြီး စိတ်ဝင်စားတဲ့မေမေ အခုသားမေမေ့ကို အပြီးတိုင်နှုတ်ဆက်ခဲ့ပါတယ်။ မေမေ အားရအောင်ငိုပြီးရင် မေမေ အွန်လိုင်းဆက်သုံးနေပါမေမေ..။ မေမေ အွန်လိုင်းသုံးနေလို့ သားသေသွားရတယ်ဆိုပြီး မေမေ တစ်သက်လုံး အွန်လိုင်း မသုံးတော့ပဲ နေလို့မှ မရတာ မေမေ မနေနိုင်ဘူးဆိုတာလည်း သားသိပါတယ်မေမေ။ မေမေ …