ကိုရီးယားနိုင်ငံသူကို ဆွဲကြိုးလု၊ အဓမ္မကျင့်ရန်ကြံစည်သူ ဖမ်းမမိသေး

Zawgyicode ကိုရီးယားနိုင်ငံသူကို ဆွဲကြိုးလု၊ အဓမ္မကျင့်ရန်ကြံစည်သူ ဖမ်းမမိသေး တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ကိုရီးယားနိုင်ငံသူ ကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ကန်ဒေါ်လာ ၂၀၀ တန် ဆွဲကြိုးလု ယက်သူ ဆိုင်ကယ်ကယ်ရီသမား အား ဖမ်းဆီးရမိရေး စုံစမ်းနေ ကြောင်း ယမန်နေ့ ညနေ ၆ နာရီ တွင် ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ‘‘ကျွန်တော်တို့ မြို့နယ်၊ ခရိုင်အလိုက် သက်ဆိုင်ရာတပ်ဖွဲ့ တွေဆီကို CCTV မှတ်တမ်းပုံတွေ ပေးပို့ထားပြီး ရှာဖွေနေပါတယ်။ တိုင်းအထူးတပ်ဖွဲ့ဝင်တွေနဲ့ လည်း ချိတ်ဆက်ဆောင်ရွက်နေ ပါတယ်။ မမိသေးပါဘူး။ ရှာနေ တုန်းပါပဲ။ လမ်းဆုံတွေ၊ ဆိုင် ကယ်ကယ်ရီသမားတွေကိုလည်း စစ်ဆေးနေပါတယ်’’ဟု ၎င်းက ပြောသည်။မေလ ၁ ရက် ညက …

ဝမ်းဗိုက်ကနေ မစင်စွန့်နေရတဲ့ကလေးငယ်အတွက်ခွဲစိတ်မှု ကုန်ကျစာရိတ်ကို တာဝန်ယူခဲ့တဲ့ ဆုပန်ထွာ

ဆုပန်ထွာတို့ မိသားစုက ဝမ်းဗိုက်ကနေ မစင်စွန့်နေရတဲ့ မိဘမဲ့ကျောင်းက သမီးလေးအတွက် ခွဲစိတ်မှု ကုန်ကျငွေကို အပြည့်အဝ တာဝန်ယူခဲ့ကြပါတယ်တဲ့။ ဒီ သမီးလေးအတွက် ဆုပန်ထွာကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ Photo: Su Pan Htwar သရုပ်ဆောင် ဆုပန်ထွာ တို့ မိသားစုဟာ မေလ ၄ ရက်နေ့က YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့ ကလေးအတွက် ခွဲစိတ်မှုတွေကို တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့လှူ ဖြစ်တဲ့အလှူလေးပါ။ မန္တလေး YGW ပရဟိတမိဘမဲ့ကျောင်းအသင်း မှာရှိတဲ့ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့သမီးလေးတစ်ယောက်ကိုသူ ကောင်းသွားအောင်ခွဲစိတ်တဲ့အခါတတ်နိုင်သလောက်လှူဖို့ 2.3.2019 သွားလှူခဲ့ကြတုန်းကတွေ့ပြီး၊ တာဝန်ယူခဲ့ပါတယ်’’ ဆိုပြီးတော့ မေလ ၄ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ …

မီးပွိုင့်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့သူ သူဘာကြောင့်သေချင်တာလဲပြောပါပြီ

၁.၅.၂၀၁၉နေ့က ကသာညဈေးတန်းပေါက်ဝမီးပွိုင့်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့သူအကြောင်း သူဘာကြောင့်သေချင်တာလဲ ဂွင်ဖန်တာလား အမျိုးမျိုးထင်ကြေးတွေပေးလာတော့ အတိအကျလေးဖြစ်အောင် စုံစမ်းပီး ရေးသားလိုက်ပါတယ်ခင်ဗျ သူ့နာမည်က…ဦးစိုးညွန့် အသက်က ၅၂နှစ် သားသမီးနှစ်ယောက်ရှိပါတယ် သမီးကအသက်၁၁နှစ်သားလေးက၇နှစ်ပါ သူတို့မိသားစုဟာမဘိမ်းမြို့နယ် ရွှေကျောင်းကုန်းကျေးရွာမှာနေထိုင်ကြပါတယ် သူ့အမျိုးသမီးက သူ့သားအငယ်လေး၁နှစ်သားမှာ ဆုံးသွားပြီး သားသမီးတွေကိုလယ်ယာလုပ် ကြုံရာအလုပ်တွေလုပ်ပီးပြုစုပျိုးထောင် ပေးခဲ့တယ် အာ့လိုနဲ့ လွန်ခဲ့တဲ့၃လကျော်ကသူဟာအခင်းထဲသွားတဲ့လမ်းမှာ ဆိုင်ကယ်မှောက်ပြီးသူ့ညာဘက်ခြေဖနောင့်ရိုးကျိုးကြေသွားလို့ ဗန်းမော်ဆေးရုံမှာသွားရောက်ကုသခဲ့ပါတယ် ငွေကြေးအခက်ခဲကြောင့် ဆေးရုံကဆင်းခဲ့ပြီးရွာပြန်ခဲ့အလုပ်ကမလုပ်နိုင်စားဝတ်နေရေးခက်ခဲလာနေတဲ့အချိန် ငါးအိုးကျေးရွာမှာ သီလရှင်ဝတ်နေသောအမကြီးဖြစ်သူဒေါ်ရူပစံမှအလှူ ခံရသမျှလေးနဲ့ဆေးကုပေးဖို့ကသာကိုလေးယောက်စလုံးတက်လာကြပါတယ် ကသာဆေးရုံမှာဆေးကုသခံနေတုန်းသားလေးကိုခေါ်ရပ်ကွက်ထဲလှည့်လည်တောင်းစားရင်း အမဆွမ်းခံကြွေးတာလေးစားနေရတာစိတ်မကောင်းလို့ထင်ပါရဲ့ သူ့အမကိုလဲချစ်ကြောက်ရိုသေ ရောဂါဝေဒနာလဲခံစားရ သားသမီးတွေလဲစားချင်တိုင်းမစားရ အာ့ဘဝတွေကိုသူမခံစားနိုင်ပဲ ရူးမိုက်လိုက်ခြင်းဖြစ်မှာပါ သူ့ရဲ့ရူးမိုက်မှုဟာ တပါးသူပါဒုက္ခရောက်မယ်လို့ အာ့အချိန်သူစဉ်းစားမိရဲ့လား ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေရဲ့စာနာစိတ်ကလုပ်ယူစရာမလိုပါဘူးလေ ခုလိုစိတ်ရှည်လက်ရှည်ပြောပြသော လူနာရှင်နဲ့မိသားစုကိုမနက်ညထမင်းကိုလူသားချင်းစာနာစွာကျွေးမွေးခဲ့သော ကသာ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးအောင်အားလူနာရှင်ကိုယ်စားကျေးဇူးတင်လျှက်- Steven Zaya Unicode ဖြင့်ဖတ်ရန် ၁.၅.၂၀၁၉နေ့က ကသာညဈေးတန်းပေါက်ဝမီးပွိုင့်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့သူအကြောင်း …

ဝါးပက်လက်ကုလားထိုင်အသုံးပြုသူများ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်

Zawgyicode ဝါးပက်လက်ကုလားထိုင်အသုံးပြုသူများ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးနိုင် ရုတ်တရက်နှလုံးခုန်ရပ်ပြီး သွေးလည်ပတ်မှု့ရပ် ကာ ဦးနှောက်သို့သွေးမရောက်လျင် လူသည် ၅ မိနစ်အတွင်းသေစေနိုင်သည်ကို သိပြီးသူများ ပါသည်။နှလုံးခုန်မရပ်ပဲ ဦးနှောက်မှာ သွေးကြောပိတ်ကာ သေဆုံးဖူးသူတွေရှိပါသည် အက်စီးဒင့်မဟုတ်ပဲ အမှတ်တမဲ့ဖြစ်တတ်သော ကိစ္စမို့အများကသတိမထားမိကြပါ ။ ထိုအရာမှာ ဝါးပက်လက်ကုလားထိုင် ပင်ဖြစ်၏ တချို့က ထိုထိုင်ခုံပေါ်လှဲလျက်စာဖတ်ခြင်းအိပ် ခြင်းများ ပြုလုပ်တတ်သည် ။ထိုင်ခုံ၏ ခေါင်းမှီတန်းမှာ ဦးခေါင်းနောက်စိသွေး လည်ပတ်ရာကို ဖိမိပြီးဖြစ်သလိုဖြစ်နေတတ်၏ နှလုံးမှဦးခေါင်းသို့ ပို့လွှတ်ပေးသောသွေးများက ပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိလေသည် ။ကျွန်တော့်၏ အသိမိတ်ဆွေမှာထိုသို့ဖြစ်ခဲ့ဖူးပြီး သူသည် အထက်ကပုံစံမျိုး ပက်လက်ကုလား ထိုင်ပေါ်အိပ်နေပြီး ပြန်လည်သတိမရပဲသေဆုံးသွားခဲ့ဖူးလေသည် ။ ။စေတနာဖြင့် အသိပေးရေးသားလိုက်ပါသည် သတိမူ၍ဂူမြင်နိုင်ကြပါစေ ။ မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။ Unicode ရုတ်တရက်နှလုံးခုန်ရပ်ပြီး သွေးလည်ပတ်မှု့ရပ် ကာ ဦးနှောက်သို့သွေးမရောက်လျင် …

ရန်ကုန်မိုးပျံရထားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်မည်ဟု ကြေညာ မေလ ၆ ရက်နောက်ပိုင်း အသစ်တိုးချဲ့ပြုပြင်ရောင်းချမှုရှိက လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ခံစားခွင့်ရှိမည်မဟုတ်ဟုဆို

Zawgyicode ရန်ကုန်မိုးပျံရထားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်မည်ဟု ကြေညာ မေလ ၆ ရက်နောက်ပိုင်း အသစ်တိုးချဲ့ပြုပြင်ရောင်းချမှုရှိက လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ခံစားခွင့်ရှိမည်မဟုတ်ဟုဆို ရန်ကုန်မိုးပျံရထားလမ်းဖောက်လုပ်မည့် လမ်းအူကြောင်းပြ မြေပုံကြမ်း ရန်ကုန်မိုးပျံရထားလမ်း(YUMRT)တည်ဆောက်ရန် လှိုင်သာယာ-ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်သည်။ ရန်ကုန် အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဆက်သွယ်မည့် ရထားလမ်းအပိုင်း(၁)ကို စတင်မည်ဖြစ်ပြီး လှိုင်သာယာဘူတာက စပြီး ပါရမီဘူတာအထိ ၁၈ကီလိုမီတာ(၁၁မိုင်ကျော်) ရှိမည်ဟု အဆိုပါကြေညာချက်တွင်ပါဝင်သည်။ ရထားလမ်းအတွက် မြေသိမ်းရန်လိုအပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းလမ်းပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရဝဏ် အတွင်း မြေ ၅၄ ဧကကျော်၊ …

မန္တလေးကျုံးအရှေ့မှာဆိုင်ကယ်အုပ်စုက ရဲဒင်းဖြင့်ခုတ်မှုဖြစ်ပွား

မန္တလေးမြို့ ကျုံးအရှေ့ဘက် (၆၆)လမ်း ၊ ၁၈ လမ်း နှင့် ၁၉ လမ်းကြားတွင် ဆိုင်ကယ်စီးနေသည့် လူ (၃) ဦးအား ဆိုင်ကယ်စီးအုပ်စုက ရဲဒင်းဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ဖြစ်စဉ်မှာ ရေသန့်စက်ရုံ အလုပ်သမားများဖြစ်ကြသည့် လူငယ် (၃) ဦးသည် ဆိုင်ကယ်စီး၍ အပန်းဖြေနေစဉ် ဆိုင်ကယ် (၃) စီး လူ (၈) ဦးက ရဲဒင်းဖြင့်ခုတ်၍ ထိုးကြိတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ “သူတို့ ပြောပုံအရတော့ သူတို့က အပန်းဖြေဆိုင်ကယ်စီးနေရင်း ဒီလိုလုပ်ခံလိုက်ရတာ ။ တစ်ယောက် က နောက်စေ့ ခုတ်ခံလိုက်ရတယ် ။ ကျန်တဲ့သူတွေက ပွန်းပဲ့ ဖူးယောင် ဒဏ်ရာလောက်ပဲတွေ့ရတယ်။´´ ဟု နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင် က …

ချစ်သူကောင်လေး သစ္စာရှိမရှိစမ်းသပ်နည်းပြောပြခဲ့တဲ့ မအေးသောင်း

မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်အတွင်းမှာမှ ဇာတ်လမ်းတွဲနှင့် ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက သူမရဲ့ စွဲဆောင်မှုတစ်ခုပါ။ အဲ့စွဲဆောင်မှုလေးတွေကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာရေပန်းစားလှသူလေးတစ်ဦးပါ။.မအေးသောင်းကတော့ ဒီနေ့ဒီအချိန်ထိ ယောက်ျားမယူသေးပဲ အပျိုကြီးလုပ်ပြီး လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေနေပါသေးတယ်။သူမကိုယ်တိုင်က အပျိုကြီးဖြစ်တဲ့အတွက်ကြောင့် ရည်းစားရှိတဲ့ညီမလေးတွေအတွက် ကိုယ့်ချစ်သူကောင်လေး သစ္စာရှိမရှိစမ်းသပ်နည်းကို ပြောပြခဲ့ပါသေးတယ်။ မအေးသောင်းပြောပြတဲ့ နည်းလမ်းလေးက တကယ်စိတ်ဝင်စားဖို့ကောင်းပြီး တကယ်လဲအသုံးဝင်မယ်ထင်ပါတယ်။ မအေးသောင်းပြောပြထားတာကတော့ ” သင့်ချစ်သူ သင့်ကိုသစ္စာရှိမရှိ သိလိုပါသလား????? သူ့ဖုန်းကို အခုပဲ ဖွင့်ပြီးစစ်ဆေးကြည့်ပါ။ ငြင်းပြီဆို တအားမဖွင့်ခိုင်းပါနဲ့။ အသာတကြည်လွှတ်ပေးလိုက်ပါ။ ပြီးရင် မသိချင်ယောင်ဆောင်နေပါ။ မခွဲနိုင်သေးရင် တန် သလောက်ပဲ ဆက်ချစ်ပါ။ ခွဲနိုင်ပြီဆို လက်ငါးချောင်းထောင်လိုက်ပါ။ဟိုဘက် ဒီဘက်ယမ်းပါ။ “တာ့တာ့”လို့ပါးစပ်မှပြောပြီးသူသွားလိုရာသွားခိုင်းလိုက်ပါ။သင်ဟာ …

စနှိုက်ကြော်မ မဖြစ်ချင်လို့ တစ်ဖက်သက်ပဲ ချစ်နေတော့မယ့်ဆိုတဲ့ ပိုပို

အခုချိန်မှာ ပိုပိုကရည်းစားရှိလားလို့မေးရင် ရည်းစားမရှိဘူး အထီးကျန်လားဆိုရင် အထီးမကျန်တော့ဘူးဘာဖြစ်လို့လဲ ဆိုတော့ပိုပို့ကိုချစ်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေပိုပေါလာတယ်လို့ ခံစားရတယ်လေ ဥပမာဆိုရင်အမေမရှိတော့ အမေလိုချင်တာပေါ့နော် အခုကျတော့အမေတွေပေါလာတယ် အများကြီးပဲ ကိုယ့်ကိုလဲ မိဘမဲ့ဆိုပြီးတော့သူကပိုပြီး သနားကြတယ် ချစ်ကြတယ်ပေါ့နော် ပီးရင်ဘာသာရေးတွေလုပ်တယ် Piano သင်တယ် ကျောင်းလဲပြန်တတ်မယ် အများကြီးပဲလုပ်စရာတွေ အများကြီးဖြစ်နေတယ် အထီးမကျန်တော့ဘူးပေါ့နော် အသက်အရွယ်အရလည်း ငါဟာပျော်ကိုပျော်နေရမယ် ပီးသွားတဲ့အရာတွေအတွက် ဆွေးမြေ့နေလို့မရဘူးပေါ့နော် ပီးတော့လူ့လောကကြီးမှာလည်း အမြဲတမ်းပျော်နေရမှာမဟုတ်ဖူ စိတ်ဆင်းရဲနေရမှာလည်းမဟုတ်ဖူး ပိုပိုစာဖတ်တဲ့ထဲမှာကြိုက်တဲ့ ဟာတစ်ခုရှိတယ် ပျော်ရွှင်မှု့ဆိုတာဒုက္ခရဲ့အသီးအပွင့်လေးတွေပဲတဲ့ ဒုက္ခရောက်ပြီးတော့မှ ပျော်ရွှင်မှု့ရဲ့ အသီးအပွင့်လေးတွေကို ခံစားရတာ အဲ့တာမှပျော်ရွှင်မှု့ဆိုတာသိတာ ဒုက္ခကတော့ရောက်နေမှာပဲ။ လူဖြစ်လာသရွေ့ကတော့ ပျော်ရွှင်စရာရောစိတ်ညစ်စရာရော အမြဲဒွန်တွဲနေမှာပေါ့နော်။ အနုပညာရှင်တွေနဲ့တွေ့တဲ့အချိန်ကျရင်သူတို့ကိုစိတ်ရင်းအမှန်နဲ့ပဲပေါင်းတယ်ကိုယ့်ရဲ့စီနီယာအမတွေညီမတွေကိုချစ်တယ်ခင်တယ် အရမ်းကြီးလည်းမပိုဘူး လိုလည်းမလိုဘူး ဖားပြီးပေါင်းတာ မရှိဘူး မြှောက်ပင့်ပြီးပေါင်းတာမရှိဘူး နှိမ့်ချပြီးပေါင်းတာလည်းမရှိဘူး အကုန်လုံးကိုချစ်တယ်ခင်တယ် ကိုယ့်စိတ်ထဲကတော့ မောင်နှမတွေလိုပဲ သဘောထားပြီးပေါင်းတယ် အဲ့တာကြောင့်သူတို့ကလည်း …

လူ အဖွဲ့လိုက်ထိုင်နေတုန်း သတ္ထုသော့တွဲ ချိတ်ထားသူတစ်ယောက်ကိုပဲ မိုးကြိုးသုံးခါဆက်တိုက်ပစ်

ကြောက်စရာ ကောင်းသလို သတိထားဆင်ခြင်စရာ သင်ခန်းစာအဖြစ် တင်ပေးလိုက်ပါတယ်။ အခုလိုမိုးရာသီမှာ မိမိကိုယ်မှာ သံ သတ္ထု ကြေး စတဲ့ လျှပ်စစ်ဓာတ်ကူးနိုင်သော ပစ္စည်းမျိုးတွေ ကပ်တွယ်ပြီး မထားကြဖို့ သင်ခန်းစာအဖြစ် မှတ်ယူကြစေလိုပါသည်။ သတ္တု သော့တွဲကြောင့်မိုးကြိုးပစ်ခံရကာ သေဆုံး May 4,2019 ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် နာနတ်သီး စိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေသူအသက် (၃၀) အရွယ် ကမ္ဘောဒီယား နိုင်ငံသားတစ်ဦးကို တဆက်တည်း မိုးကြိုးသုံးကြိမ်ပစ်ခံရလို့  သေဆုံးသွားခဲ့ပါတယ်။ အလုပ်သမားတွေ စုထိုင်နေကြတာကို သူ့ကိုသာ မိုးကြိုး ပစ်ခဲ့တာဟာ သူ့ ကိုယ်မှာ ချိတ်ဆွဲထားတဲ့ သတ္တု သောတွဲတွေကြောင့် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တွေကပြောပါတယ်။ – SAW ကြောက်စရာ ကောင်းသလို သတိထားဆင်ခြင်စရာ သင်ခန်းစာအဖြစ် …

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ရောက်ရှိပြီ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရပ်ဝန်း တခု၊ လမ်းကြောင်းတခု (BRI) ဒုတိယမြောက် ဖိုရမ် တက်ရောက်ရန် ယနေ့မနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ထွက်ခွာသွားသည်။ BRI ၏ အစိတ်အပိုင်း အနေဖြင့် မြန်မာ-တရုတ်စီးပွားရေးစြင်္ကန်တွင် မြန်မာနိုင်ငံ၌ အကောင် အထည်ဖော်ရန် စီမံကိန်း ၃၀ ခုကို အဆိုပြုထားပြီး ကျောက်ဖြူရေနက်စီမံကိန်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့ကဲ့သို့ စီမံကိန်းများလည်း ပါဝင်လျှက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ၎င်းစီမံကိန်းများထဲမှ မန္တလေး-မူဆယ်ရထားလမ်းနှင့် ပြင်ဦးလွင်မြို့အနီး အကောင်အထည်ဖော်မည် New Mandalay Resort City စီမံကိန်းတို့ကို သဘောတူ လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ …